တရုတ်နှင့် အမေရိကန်တို့အကြား အကောက်ခွန်ကင်းလွတ်ခွင့်အတွက် ညှိနှိုင်းနိုင်ဖွယ်ရှိ

တရုတ်နှင့် အမေရိကန်တို့အကြား အကောက်ခွန်ကင်းလွတ်ခွင့်အတွက် ညှိနှိုင်းနိုင်ဖွယ်ရှိ

သမ္မတ ဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှု ဖယ်ရှားခြင်းကို ကာလတိုအတွင်း လုပ်ဆောင်ဖွယ်မရှိသော်လည်း နှစ်နိုင်ငံတင်းမာမှုကို လျှော့ချမည့် နည်းလမ်းတစ်ခုအဖြစ် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ ဘုံအခြေအနေတစ်ရပ်ကို ဆောင်ရွက်နိုင်လိမ့်မည်ဟု တရုတ်အကြံပေး ပညာရှင်အဖွဲ့တစ်ဖွဲ့ကပြောကြားသည်။

တရုတ်နှင့် ကုန်သွယ်ရေးဆိုင်ရာ အသစ်ဆွေးနွေးမှုများအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန်အစိုးရအနေဖြင့် အခွန်ဖြတ်တောက်မှုကို လုပ်ဆောင်သင့်ကြောင်း အမေရိကန်မှ လွတ်လပ်သော ကုန်သွယ်မှု ထူထောင်ရေးအတွက် ဆောင်ရွက်နေသူများက တိုက်တွန်းနေသော်လည်း အခွန်အကောက်များဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်များပါဝင်သည့် China Finance 40 forum (CF40) က မေ ၂၉ ရက်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ပထမပိုင်း ကာလအတွင်း အမေရိကန်တွင် ငွေကြေးဖောင်းပွမှု ဖိအားများရှိနေပြီး အခွန် ဖယ်ရှားသည့် နည်းလမ်းဖြင့် အခွန်ကေက်ခံမှုဆိုင်ရာဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန် အစိုးရက လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါနည်းလမ်းဖြင့် ကွန်ဂရက်တွင် ကန့်ကွက်မှုနှင့် နို်ငငံရေးဖိအားတို့မှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက် အဆင့် ၁ သည် ၂၀၂၁ ခုနှစ် နှောင်းပိုင်း၌ သက်တမ်းမကုန်မီ ယင်းလုပ်ငန်းစဉ် မူဝါဒအား သမ္မတဘိုင်ဒင်အစိုးရက အသေးစိတ် ပြန်လည်သုံးသပ်လျှက်ရှိသည်။

အမေရိကန်အစိုးရက တရုတ်မှ တင်သွင်းမည့် ဒေါ်လာ ၃၇၀ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် အခွန်များ ဆက်လက်ကောက်ယူနေဆဲ ဖြစ်သည်။

ဘို်ငဒင်အစိုးရက တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာ ပံ့ပိုးမှု၏ သက်ရောက်မှုအပေါ် ပိုမိုစိုးရိမ်နေပြီး အမေရိကန်အနေဖြင့် ကိုယ်ပိုင်နည်းပညာပံ့ပိုးမှုကို ပိုမိုအဓိကထားရန် လိုလားသည်။

“ဘိုင်ဒင်အစိုးရလက်ထက်မှာ နည်းပညာဆိုင်ရာ ယှဉ်ပြိုင်မှုနဲ့ ဆိုက်ဘာပညာရပ်နယ်ပယ်မှာ တရုတ်နှင့် အမေရိကန်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှု ပိုမိုပြင်းထန်လာမှာ ဖြစ်ပါတယ်။ အပြိုင်စနစ်ကျင့်သုံးမှုဟာလည်း တိုးတက်လာနိုင်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ စည်းမျည်းများ သတ်မှတ်ခြင်းနှင့် တိုးတက်လာသောနည်းပညာနယ်ပယ်တို့တွင် နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှု များပြားလာမည်ဖြစ်ကြောင်း ခန့်မှန်းချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်၏ နည်းပညာအပေါ် ယှဉ်ပြိုင်နိုင်မှု စွမ်းရည် တိုးတက်လာစေရန် ဥပဒေတစ်ရပ် ကို အမေရိကန်ဆီးနိတ်လွှတ်တော်က ဇွန် ၈ ရက်တွင် စဉ်းစားသွားမည်ဟု မေ ၂၉ ရက်တွင် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly