မလေးရှားမှာ ပထမဆုံး အကြီးစား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးစင်တာ ဖွင့်လှစ် 

မလေးရှားမှာ ပထမဆုံး အကြီးစား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးစင်တာ ဖွင့်လှစ် 
Photo - AFP

ဇွန် ၁

မလေးရှားနိုင်ငံဟာ ပထမဆုံး အကြီးစား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးစင်တာကို မြို့တော် ကွာလာလမ်ပူမှာ တနင်္လာနေ့က စတင်ဖွင့်လှစ်ပါတယ်။  

စင်တာဟောခန်းမကြီးဟာ တစ်နေ့ကို လူ ၈၀၀၀ အထိ ကာကွယ်ဆေးထိုးနှံပေးဖို့ ဝင်ဆံ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။  

ပထမဆုံး ဖွင့်လှစ်ပြီး ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့တဲ့ တနင်္လာနေ့မှာပဲ အသက်ကြီးပိုင်းအများစုဖြစ်တဲ့ လူပေါင်း ၂၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ 

အရှေ့တောင်အာရှ မလေးရှားနိုင်ငံဟာ ၎င်းရဲ့ ကာကွယ်ဆေးထိုးနှံပေးရေးလုပ်ငန်းစဉ်ကို နှေးကွေးစွာ ဖော်ဆောင်နေပေမယ့် အင်္ဂါနေ့ကစတင်လို့ မရှိမဖြစ် ဝန်ဆောင်မှုတွေကလွဲလို့ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေနဲ့ လူမှုရေးကဏ္ဍတွေမှာ အလုံးစုံ လော့ဒေါင်းချတာနဲ့အတူ တစ်နိုင်ငံလုံး လော့ဒေါင်းချတော့မှာ ဖြစ်ပါဝယ်။ 

ပြီးခဲ့တဲ့ လတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ တင်းကြပ်တဲ့ ကန့်သတ်တားမြစ်ချက်တွေကို ချမှတ်လာစေပါတယ်။ နေ့စဉ် ဒါဇင်များစွာ သေဆုံးတာနဲ့အတူ သုံးလေးထောင် ကူးစက်ဖြစ်ပွားတာနဲ့အတူ နေ့တိုင်းကူးစက်သူဦးရေက မြင့်တက်လို့ နေပါတယ်။ 

လက်ရှိအထိ မလေးရှားနိုင်ငံမှာ ကပ်ဘေး စတင်ချိန်ကစလို့ ကူးစက်ဖြစ်ပွားသူပေါင်း ၅၇၂၀၀၀ ဦးရှိပြီး သေဆုံးသူက ၂၇၀၀ ကျော် ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly