ပြည်တွင်းစစ် ရပ်စဲရေး စစ်ရေးအမြင်သစ်နဲ့သာ ဖြေရှင်း ဆောင်ရွက်သင့်

ပြည်တွင်းစစ် ရပ်စဲရေး စစ်ရေးအမြင်သစ်နဲ့သာ ဖြေရှင်း ဆောင်ရွက်သင့်

မိမိတို့နိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေ သွင်ပြင်အနေအထားက တစ်ခါတစ်လေ နားလည်ရ ခက်ပါ တယ်။ ဘာပြုလို့လည်းဆိုတော့ လူမျိုးစု လက်နက်ကိုင်တပ်တွေနဲ့ လက်ရှိအစိုးရတပ်တွေ တိုက်ကြခိုက်ကြ တဲ့အခါ ပေါ်ပေါက်လာတဲ့ စစ်ဘေး ဒဏ်သင့်ဒုက္ခသည်တွေကိုကြတော့ ပြည်သူတွေက ကူညီဆိုတဲ့ သတင်း တွေကို ယခုရက်ပိုင်းအတွင်း နေ့စဉ်လိုပင် သတင်းတွေ တက်လာနေလို့ ဖြစ်ပါတယ်။

ဒါဆိုရင် သေချာတာတစ်ခုကတော့ အဲသလို မကြာခဏဖြစ်နေတဲ့ စစ်ပွဲတွေ တိုက်ပွဲတွေကို ပြည်သူ တွေက မလိုလားဘူးဆိုတဲ့သဘော ယူဆလို့ ရပါတယ်။ ပြီးတော့ နှစ်ဘက်လက်နက်ကိုင် တပ်တွေရဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေနဲ့ ကင်းကွာနေကြရတဲ့သဘော ဒါမှမဟုတ် ပြည်သူတွေရဲ့ စစ်ဆန့်ကျင်တဲ့ ဆန္ဒကို မသိကျိုးကျွံ ပြုနေကြတဲ့ သဘောများလားလို့ တွေးစရာ ရှိလာပါတယ်။

ပိုမို တွေးဆရခက်တဲ့ အချက် ရှိပါသေးတယ်။ လက်ရှိမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲ ရေး လုပ်ငန်းတွေကို အစိုးရကိုယ်တိုင်က ဦးဆောင်ပြီး အားကြိုးမာန်တက် ဆောင်ရွက်နေပါတယ်၊ အပစ်အ ခတ် ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုနိုင်ပါပြီ ဆိုနေတဲ့ အသံတွေကြားကပဲ တချိန်တည်းဆိုသလို သေနတ်သံတွေ ကလည်း အမြဲ ကြားနေခဲ့ကြပါတယ်။ ဒါကလည်း တွေးဆရခက်တဲ့ ကိစ္စပါ။

မိမိတို့နိုင်ငံ ပြည်တွင်းစစ်ကို သရုပ်ခွဲကြည့်ပြီး ဘယ်သူတွေက စစ်ရဲ့ လက်သည်တရားခံ ဖြစ်တယ်ဆို တဲ့ ကောက်ချက်ကို ချဖို့ဆိုတာကလည်း ရာစုနှစ် တစ်ဝက်ကျော်ကြာ မြင့်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်း စစ်မီးကြီး အရှိန်အဟုန် ကောင်းလွန်းလို့ စစ်ပွဲတွေ အချိန်ကြာမြင့်စွာ ဖြစ်ပွားလာခဲ့ပြီဖြစ်လို့ တရားခံရှာတဲ့ အလုပ်က လည်း ကောက်ရိုးပုံကြား အပ်ရှာသလို ခက်ခဲလှတဲ့ အခြေအနေ ဖြစ်နေပါပြီ။

ဒီလို ရှည်ကြာလှတဲ့ စစ်ပွဲတွေ ပဋိပက္ခတွေကြောင့်လည်းပဲ စစ်ပွဲတွေရဲ့လက်သည်တရားခံ ဘယ်သူ လည်းဆိုတာထက် နောက်ထပ် စစ်ပွဲတွေ ထပ်မဖြစ်ရေးကိုသာ ဦးတည်စေတဲ့ စေ့စပ် ဆွေးနွေးမှု မျိုးကပဲ စတင် စကားပြောမှ ဖြစ်တော့မယ်ဆိုတာမျိုးအထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက အရေးတကာ့ အရေး အကြီးဆုံး ဖြစ်လာခဲ့ပါတယ်။

ပြည်တွင်းစစ် အမျိုးအစားတွေကလည်း အမျိုးမျိုး ဖြစ်ခဲ့ပါတယ်။ လူမျိုးရေး၊ နယ်မြေရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အကြောင်းအရာတွေအပေါ် မူတည် ဖြစ်ပွားရတဲ့ စစ်ပွဲတွေဖြစ်ကြပေမယ့် ဒီမတူကွဲပြားလှ တဲ့ စစ်ပွဲအမျိုးအစားတွေ ဘယ်လောက်ပဲကွဲကွဲ စစ်ပွဲဟူသမျှရဲ့ အကျိုးဆက်ကတော့ ဘယ်ဟာမှ အကောင်း မရှိပါဘူး။ စစ်ရယ်လို့ဖြစ်လာရင် နိုင်သူမရှိဆိုတဲ့ စကားလိုပဲ စစ်ဖြစ် တဲ့နှစ်ဘက်စလုံး သွေးစွန်းကြရတာချည်း ပါပဲ။ နှစ်ဘက်စလုံး ရှုံးကြရတဲ့ သဘောချည်းပါပဲ။ ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ အပြစ်မဲ့တဲ့ ဒေသခံ ပြည်သူတွေ စစ်ဒဏ်ခံကြရတဲ့ ကိစ္စပါပဲ။

အခုဆိုရင် ရှမ်းပြည်နဲ့ ကချင်ပြည်နယ်တွေမှာ ဖြစ်ပွာနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ရွာသားတွေဟာ နီးစပ်ရာ ဘေးလွတ်မယ်ထင်ရာ တောတောင်တွေ ရွာတွေ မြို့တွေဆီ ထွက်ပြေး တိမ်းရှောင် ရင်း ဒုက္ခပင်လယ် ဝေနေကြရပါတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေမှာ ဒုက္ခသည်တွေကို ကူညီပေးဖို့ လက်ရှိ လွှတ်တော်အတွင်း အဆိုတင်သွင်း ပြန်တော့လည်း မှတ်တမ်းတင်ထားဖို့ ဆိုတာလောက်ပဲ ရပ်နေပြန်တော့ ဒုက္ခသည်တွေဟာ ကူသူ ကယ်သူ မဲ့သလို ဖြစ်ကြရပါတယ်။

ဒီနေရာမှာ စစ်ရေးအမြင်သစ်ဆိုတဲ့ စကားတစ်ခွန်း ရှိပါတယ်။ စစ်ဆိုတာ ဆန့်ကျင်ဘက်ကို နိုင်အောင် တိုက်ရတာ ဖြစ်တယ်။ တခါနိုင်ပြီးပေမယ့် စစ်ပွဲတွေက နိဂုံးချုပ်မသွားလို့ ထပ်ပြီး တိုက်ကြရပါ တယ်။ ဒါကြောင့်မို့ မျက်မှောက်ခေတ်မှာ ပေါ်လာတဲ့ စစ်နဲ့ပတ်သက်တဲ့ အယူအဆသစ်က စစ်ပွဲတွေ ထာဝရ ရပ်တန့် ချုပ်ငြိမ်းသွားအောင် လုပ်တဲ့အလုပ်ဟာ စစ်ရေးအမြင်သစ် ဖြစ်တယ်ဆိုတဲ့ စကားပါပဲ။

ဟုတ်ပါတယ်။ အခြေအနေတွေကတော့ မိမိတို့တိုင်းပြည် ပြည်တွင်းစစ်မီးကတော့ တပွဲတိုးနည်းတွေ၊ ခဏရပ်ထားတဲ့ နည်းတွေနဲ့ ဉာဏ်ပညာ မဲ့လွန်းလှတဲ့ အင်အား ဗဟိုပြုနည်းတွေနဲ့သာ ဖြေရှင်းနေ မယ်ဆိုတာ လောက်နဲ့တော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်ဖွယ် မရှိကြောင်းနဲ့ အထက်ကပြောခဲ့တဲ့ စစ်ရေးအမြင် သစ်လို သစ်လွင်မှန်ကန်တဲ့ နည်းလမ်းများကိုသာ ကိုင်တွယ် ဖြေရှင်း သင့်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly