နိုင်ငံသားအားလုံးကို ထိုးပေးရန် အိန္ဒိယ ကာကွယ်ဆေးများ တင်သွင်းမည်

နိုင်ငံသားအားလုံးကို ထိုးပေးရန် အိန္ဒိယ ကာကွယ်ဆေးများ တင်သွင်းမည်

အိန္ဒိယတွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှစ၍ 'အစိုးရ၏ အားလုံးလွှမ်းခြုံရေး' စီမံချက်အရ ကိုဗစ် လူနာများအား ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများ၏ ကြိုးပမ်းအားထုတ်မှုများကို အိန္ဒိယအစိုးရက ထောက်ပံ့ပေးလျှက်ရှိသည်။

ကမ္ဘာတစ်ဝန်းလုံးကို သက်ရောက်နေသည့် ကိုဗစ်ကပ်ရောဂါအတွက် ဆေးထုတ်လုပ်မှုစွမ်းရည်သည် လုံလောက်မှုမရှိသလို ထုတ်လုပ်သူအရေအတွက်သည်လည်း အကန့်အသတ်ဖြင့်သာရှိခြင်းကြောင့် ကာကွယ်ဆေးများသည် ကမ္ဘာအနှံ့တွင် ဝယ်လိုအား မြင့်တက်လျက်ရှိသည်။

ကမ္ဘာ့လူဦးရေ ၇ ဒသမ၇ ဘီလီယံရှိကြောင့် ကမ္ဘာ့ဘဏ်က ခန့်မှန်းထားရာတွင် အိန္ဒိယနိုင်ငံသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံအထိ ရှိနေသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကာကွယ်ဆေး ၂ မျိုးကို အတည်ပြုခဲ့သည်။ ထုတ်လုပ်သည့်ကုမ္ပဏီ ၂ ခု ဖြစ်သော Serum Institute နှင့် Bharat Biotech တို့သည် ၂၀၂၀ ဒီဇင်ဘာလတွင် ဆေး ၁၀ သန်းခန့် ထောက်ပံ့နိုင်စွမ်းရှိသည်။

ကာကွယ်ရေးအတွက် ဦးစားပေးအဆင့်ရွေးချယ်ခြင်း၊ ဆေးဝယ်ယူခြင်း၊ ဆေးရွေးချယ်ခြင်းနှင့် ဖြန့်ဝေခြင်းတို့အပါအဝင် ကာကွယ်ဆေးအတွက် လုပ်သင့်လုပ်ထိုက်သည့်လမ်းညွှန်မှုများ ပြုလုပ်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားကျွမ်းကျင်မှုအဖွဲ့ (NEGVAC) ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင်ဖွဲ့စည်းခဲ့သည်။

အိန္ဒိယတွင် COVID-19 ကာကွယ်ဆေးထိုးခြင်းအတွက် ဦးစားပေးအဆင့်ရွေးချယ်ရာ၌ သိပ္ပံနည်းကျ သက်သေအထောက်အထားများ၊ WHO မှ အဆိုပြုသော လမ်းညွှန်ချက်များ၊ ကမ္ဘာလုံးဆိုင်ရာ နမူနာများနှင့် အလေ့အကျင့်များကို အဓိကရည်မှန်းချက်ကိုပြန်လည်သုံးသပ်ခြင်းအပေါ် အခြေခံပြီးဆောင်ရွက်ခဲ့သည်။ ယင်းတို့တွင် - ကျန်းမာရေးစောင့်ရှောက်မှုနှင့်ရှေ့တန်းလုပ်သားများအား ကာကွယ်ခြင်းနှင့် ကပ်ရောဂါတုန့်ပြန်မှုစနစ်ကို ကာကွယ်ခြင်း။ COVID 19 ကြောင့်သေဆုံးမှုများကို ကာကွယ်ခြင်းနှင့် အမြင့်မားဆုံးအန္တရာယ်ရှိသူများကို ကာကွယ်ခြင်းနှင့် ရောဂါကြောင့် သေဆုံးနိုင်ခြေရှိသူများကို ကာကွယ်ခြင်း တို့ဖြစ်သည်။

ထို့ကြောင့် တိုင်းပြည်တွင် ကာကွယ်ဆေးထိုးရန်အတွက် ဦးစားပေးအုပ်စုများကို လွှမ်းခြုံမှုရှိစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၆ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ (HCWs)၊ ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ရှေ့တန်းလုပ်သားများ (FLWs) နှင့် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ၊အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်းရှိပြီး ရောဂါအခံ အမျိုးအစား၂၀ ရှိသူများကို မတ်လ ၂၁ ရက်မှ စတင်ထိုးပေးခဲ့သည်။ ထို့နောက် ဧပြီ ၁ ရက်မှ စတင်ပြီး အသက် ၄၅ နှစ်နှင့် အထက်လူများအား ကာကွယ်ဆေးထိုးပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly