တရုတ်နိုင်ငံ Hebei ပြည်နယ်၌ ခရစ်ယာန်ဘုန်းကြီးများ ‘brainwashing’ စွဲချက်များဖြင့် ဖမ်းဆီးခံရ

တရုတ်နိုင်ငံ Hebei ပြည်နယ်၌ ခရစ်ယာန်ဘုန်းကြီးများ ‘brainwashing’ စွဲချက်များဖြင့် ဖမ်းဆီးခံရ

တရုတ်နိုင်ငံ Hebei ပြည်နယ်တွင် သင်းအုပ်ဆရာဆိုင်ရာ တာ၀န်၀တ္တရားများ ထမ်းဆောင်နေခဲ့သော ခရစ်ယာန်ဘုန်းကြီး သုံးပါးနှင့် ကျမ်းစာသင်ကျောင်း ပရော်ဖက်ဆာများအဖြစ် ဆောင်ရွက်နေခဲ့ကြသည့် ခရစ်ယာန်ဘုန်းကြီး လေးပါးတို့ကို ‘brainwashing’ (ဦးနှောက်ကျင်းမှု) စွဲချက်များဖြင့် အာဏာပိုင်တို့က မေလ ၂၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ခရစ်ယာန်ဘာသာ၀င်များအပေါ် နှိပ်ကွပ်မှုများနှင့်ပတ်သက်ပြီး စောင့်ကြည့်နေသည့် International Christian Concern (ICC) က ထိုဖြစ်စဥ်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း New York Times Post က ဖော်ပြသည်။

Shaheqiao မြို့၌ ဖြစ်ပျက်ခဲ့သည့် စီးနင်းဖမ်းဆီးမှုအတွင်း စာသင်သား ဆယ်ဦးလည်း ထိန်းသိမ်းခံခဲ့ရသည်။

သုံးဦးသည် ဖမ်းဆီးခံရမှု မတိုင်မီ လက်မတင်လေး ထွက်ပြေးရှောင်တိမ်း လွတ်မြောက်သွားခဲ့သည်။ တရုတ်အာဏာပိုင်တို့သည် ရှင်းရှန်းမြို့၏ ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဂူဆက်ပီ ကျန်‌ဝေကျူးကို ဖမ်းဆီးခဲ့သည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဝေကျူးသည် ၁၉၉၁ ခုနှစ်ကတည်းက ရှင်းရှန်း၏ ခရစ်ယာန်အသင်းတော် နယ်ပယ်ကို နှစ် ၃၀ ကြာ ကွပ်ကဲထားခဲ့သူဖြစ်ကြောင်း New York Times Post က ဖော်ပြသည်။

ဘုန်းတော်ကြီးများသည် brainwashing စွဲချက်ဖြင့် တရုတ်ကွန်မြူနစ်ပါတီ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ICC က ပြောသည်။

ဂိုဏ်းအုပ် ဘုန်းတော်ကြီးနှင့် အခြား ဖမ်းဆီးခံ ဘုန်းကြီး ၁၀ ပါးတို့ကို ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့ကို တိုက်ပိတ်ထားကြောင်း ၎င်းတို့က ပြောသည်။

၎င်းတို့ကို ခရစ်ယာန် ဘာသာရေး ယုံကြည်မှုဆိုင်ရာ လေ့လာမှုပညာနှင့်ပတ်သက်၍ ၎င်းတို့၏ လေ့လာမှုများ ရပ်တန့်ရန် ညွှန်ကြားပြောဆိုခံခဲ့ရသည်ဟု ICC ၏ ထုတ်ဖော်ခဲ့ကြောင်း New York Times Post က ဖော်ပြသည်။

ဘာသာရေး လုပ်ဆောင်မှုဆိုင်ရာ တင်းကျပ်သည့် စည်းမျဉ်း အစုံတစ်ခုဖြစ်သည့် ဘာသာရေး လုပ်ဆောင်ချက်များဆိုင်ရာ တရုတ်၏ စည်းမျဉ်းသစ်များသည် မေလ ၁ ရက်တွင် အသက်၀င်လာခဲ့သည်။

ယင်းနိုင်ငံ၏ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးကို နိုင်ငံက အတည်ပြုသည့် တရုတ် ကက်သလစ် ဂိုဏ်းအုပ်ကွန်းဖရင့်ကနေ အတည်ပြုရမည်ဖြစ်သည်။

ရာထူးတွင် ဆက်ရှိနေရန်အတွက် ၎င်းတို့အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ခေါင်း‌ဆောင်ပိုင်း၏ ထောက်ခံမှုကို ရရန် လိုအပ်သည်။

တရား၀င် အတည်ပြုချက်မရှိဘဲ ဟောပြောမှုအတွက် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဝေကျူးနှင့် ခရစ်ယာန်ဘုန်းကြီးများမှာ ပြစ်မှုကျူးလွန်သူများအဖြစ် သဘောထားခံရမည်ဖြစ်ကြောင်း New York Times Post က ဖော်ပြသည်။

ICC ၏ အဆိုအရ တရုတ်၏ စည်းမျဥ်းသစ်များ အသက်၀င်ပြီးနောက်ပိုင်း ခရစ်ယာန်များအပေါ် နှိပ်ကွပ်မှုက တိုးမြင့်ဖြစ်ပေါ်ထားခဲ့သည်ဟု သိရသည်။

တရုတ်အနောက်ပိုင်းတွင် ဝီဂါတစ်သန်းခန့်နှင့် အခြား မွတ်ဆလင်လူနည်းစုများသည် ပြန်လည်ပညာပေးရေးကမ့်စခန်းများတွင် ထိန်းသိမ်းခံထားရသည်ဟု သိရသည်။

ထို့ပြင် စခန်းနေရာများတွင် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနှင့် အဓမ္မခိုင်းစေမှု အပါအ၀င် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်ထားခဲ့ကြောင်း New York Times Post က ဖော်ပြသည်။

သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ပြောဆိုချက်များကို တရုတ်အစိုးရက လက်မခံဘဲ ပယ်ချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required