နယူးဇီလန်မှာ ရေကြီးမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ 

နယူးဇီလန်မှာ ရေကြီးမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ 
Photo - AFP

မေ ၃၁

နယူးဇီလန်နိုင်ငံက ကန်တာကာရီပြည်နယ်မှာ မိုးသည်ထန်စွာ ရွာသွန်းတာကြောင့် ပြည်သူထောင်ပေါင်းများစွာ နေအိမ်စွန့် ဘေးလွတ်ရာရွှေ့ပြောင်းရမယ့် ဘေးနဲ့ ရင်ဆိုင်နေရတာကြောင့် အဲဒီ ဒေသကို အာဏာပိုင်တွေဟာ အရေးပေါ်အခြေအနေ တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ 

အိမ်ခြေ ၃၀၀၀ နီးပါး ရေကြီးရေလျှံမှုဘေး ခြိမ်းခြောက်ခံနေရပြီး လိုအပ်ရင် ရွှေ့ပြောင်းပေးဖို့အတွက် စစ်တပ် ဖြန့်ချထားတယ်လို့ ဒေသရဲ့ အဆိုးဆုံး ရေကြီးရေလျှံမှုဖြစ်ရာ တောင်ပိုင်းအရပ်ဆီ လာရောက်ခဲ့သူ အရေးပေါ် စီမံခန့်ခွဲရေး ယာယီဝန်ကြီး ခရစ်ဖာဖွိုင်းက ပြောပါတယ်။ 

“နောက်တစ်နေ့အထိ မိုးက ရွာဦးလိမ့်မယ်၊ မိုးသည်းထန်မှာ ဖြစ်တာမို့ ဒီကနေ့ည မြစ်ရေအခြေအနေကို အာဏာပိုင်တွေ စောင့်ကြည်နေမှာ ဖြစ်တယ်”လို့ ဖာဖွိုင်းက ပြောပါတယ်။ 

ကုန်းတွင်းပိုင်းမှာ မိုးရေချိန် ၃၀၀ မီလီမီတာ (၁၁ ဒသမ ၈ လက်မ)အထိ ရွာသွန်းမယ် ခန့်မှန်းပြီး နယူးဇီလန် မိုးလေဝသဌာနဟာ ရှားရှားပါးပါး အနီရောင်သတိပေးချက် ထုတ်ခဲ့ပါတယ်။ 

ကန်တာဘရီရဲ့ အဓိက ကမ်းရိုးတန်း ခရစ္စချက်မှာ မိုးရေချိန်ဟာ မေလ စုစုပေါင်းပျမ်းမျှ မိုးရေချိန်အထက် ၁၀၀ မီလီမီတာအထိ ရွာသွန်းမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ 

အခွင့်အလမ်းကို မဖော်ဆောင်နိုင်တာကြောင့် အာဏာပိုင်တွေ အရေးပေါ်အခြေအနေ ကြေညာတာပဲ ဖြစ်တယ်ဆိုပြီး ကန်တာဘာရီ အရပ်ဖက်ကာကွယ်ရေး အရေးပေါ်စီမံခန့်ခွဲမှု အဖွဲ့အစည်း တာဝန်ရှိသူ နီဗေးရိုင်လီက New Zealand Herald သတင်းဌာနကို ပြောပါတယ်။ 

“အရေးပေါ် အစီအမံတွေ အများကြီး ရှိပါတယ်၊ တစ်ခုခု ဖြစ်လာနိုင်တဲ့ အခြေအနေမှာ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့အတွက်ပါ”လို့ သူက ပြောပါတယ်။ 

“ဒီညတော့ အမှန်တကယ်ပဲ ကျွန်တော်တို့ ရင်မနေရမယ့် အခြေအနေမျိုးပါပဲ”လို့ သူက ဆိုပါတယ်။ 

အက်ရှ်ဘာတန်မြို့ မြို့တော်ဝန် နီးလ်ဘရောင်းက အက်ရှ်ဘာတန်မြစ်ကမ်းပါး ရေလျှံလာရင်တော့ မြို့က ပြည်သူ ၄၀၀၀ နီးပါးကို မရမက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly