ရုရှား၏ ဒဏ်ခတ်ပိတ်ဆို့မှုက တူရကီကို နှစ်စဉ်ဒေါ်လာ ရ၆၄ သန်းနစ်နာနိုင်

ရုရှား၏ ဒဏ်ခတ်ပိတ်ဆို့မှုက တူရကီကို နှစ်စဉ်ဒေါ်လာ ရ၆၄ သန်းနစ်နာနိုင်

အန်ကာရာ၊ ဒီဇင်ဘာ ၃ ။        ။ ရုရှား၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကြောင့် နှစ်စဉ် စားသောက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၆၄ သန်း နစ်နာမည်ဖြစ်ကြောင်း တူရကီစိုက်ပျိုးရေးဝန်ကြီး ဖာရွတ်စေလစ်က ဒီဇင်ဘာ ၂က ပြောသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တူရကီက ၎င်း၏လေပိုင်နက်ထဲသို့ ကျူးကျော်သည်ဆိုကာ ရုရှားဂျက်တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့မှုအား လက်တုန့်ပြန်သည့်အနေဖြင့် တူရကီ၏ အဓိကကုန်သွယ်ရေးပါတနာဖြစ်သော ရုရှားက များပြားလှသည့် တူရကီမှတင်သွင်းကုန်များကို ပိတ်ပင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly