သာကေတ မှာ စစ်ကောင်စီတပ်တွေနဲ့ အမည်မသိ လက်နက်ကိုင်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်

28 May 2021
သာကေတ မှာ စစ်ကောင်စီတပ်တွေနဲ့ အမည်မသိ လက်နက်ကိုင်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း၊သာကေတမြို့နယ် ၇ အနောက်ရပ်ကွက် ဇိနမာန်အောင် ဘုရားဝင်းအတွင်း စခန်းချထားသော အကြမ်း ဖက် စစ်ကောင်စီတပ်တွေနဲ့ အမည်မသိလက်နက်ကိုင် အဖွဲ့တွေနဲ့ ယနေ့ည ၇ နာရီကျော်က ည၈နာရီခွဲအထိ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

"ခုတောက်လျှောက်ထပ်ပစ်နေပီအကို၊ ပြီးတော့ သူတို့ စခန်းချတဲ့ ဘုရားဝင်းထဲမယ် ရုတ်ရုတ်သဲသဲဖြစ်နေတယ်၊ " လို့ သာကေတနေ ပြည်သူတစ်ဦးက မဇ္စျိမကို ပြောပါတယ်။
လက်ရှိမှာ ပစ်ခတ်မှုဖြစ်နေတဲ့ သာကေတက ရပ်ကွက်အချို့ကို မီးဖြတ်ထားပြီး ထိခိုက်ဆုံးရှုံး မှုတွေကိုတော့ မသိရသေးပါဘူး ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly