အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းချက်ကို ဆိုင်းငံ့ထားရန် ဥရောပပါလီမန် ဆုံးဖြတ်

အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းချက်ကို ဆိုင်းငံ့ထားရန် ဥရောပပါလီမန် ဆုံးဖြတ်

ဘရပ်ဆဲ

ဥရောပပါလီမန်အဖွဲ့ဝင် ၅ ဦးကို တရုတ်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ခြင်းကြောင့် ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းမှုကို အတည်ပြုရန် ဆုံးဖြတ်လိုက်သည်။

ပြင်းထန်သည့် စကားလုံးများ ပါဝင်သည့် ဆုံးဖြတ်ချက်အား မေ ၂၇ ရက် ညနေပိုင်းက ချမှတ်ခဲ့ရာတွင် တရုတ်အစိုးရသည် ရှင်ကျန်းဒေသ၌ ဝီဂါမွတ်စလင်များကို လူမဆန်သည့် ပြစ်မှုကျူးလွန်ခြင်းများ လုပ်ဆောင်နေကြောင်းနှင့် ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို ဖြိုခွဲနေကြောင်း ဖော်ပြထားသည်ဟု Euro News တွင် ပါရှိသည်။

ယခုဆုံးဖြတ်ချက်သည် ‘အီးယူ-တရုတ်တို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြည့်အစုံ သဘောတူညီချက် (CAI)’ ကို ထပ်မံထိခိုက်စေသည့် အချက်တစ်ခု ဖြစ်လာသည်။ ယင်းသဘောတူညီချက်ကို လွန်ခဲ့သည့် ၅ လခန့်က ပြုလုပ်ခဲ့သည့် ဥရောပနိုင်ငံခေါင်းဆောင်များနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ဗီဒီယိုမှတစ်ဆင့် ပြုလုပ်သည့် အစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ယင်းသဘောတူညီချက်၏ အဓိက ရည်မှန်းချက်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများအား တရုတ်၌ စီးပွားရေး လုပ်ကိုင်ရာတွင် ဈေးကွက်အခွင့်အလမ်းပိုမိုရစေရန်နှင့် မျှတစွာ ဆက်ဆံမှု ရရှိစေရန် ဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်းများနှင့် လုပ်ငန်းခွဲများနှင့်လည်း မျှတသည့် လုပ်ငန်းယှဉ်ပြိုင်ခွင့် ရရှိစေရန်လည်း သဘောတူညီချက်တွင် ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required