စုဆောင်းငွေ ကန်ဒေါ်လာ ၁၅ ဒသမ ၃ ထရီလီယံကို သုံးစွဲ၍ ပင်စင်စနစ်အခက်အခဲကို ဖြေရှင်းရန် တရုတ်အစိုးရက ပုဂ္ဂလိကအာမခံကုမ္ပဏီများအား အကူအညီတောင်း

စုဆောင်းငွေ ကန်ဒေါ်လာ ၁၅ ဒသမ ၃ ထရီလီယံကို သုံးစွဲ၍ ပင်စင်စနစ်အခက်အခဲကို ဖြေရှင်းရန် တရုတ်အစိုးရက ပုဂ္ဂလိကအာမခံကုမ္ပဏီများအား အကူအညီတောင်း

နိုင်ငံတော် ပင်စင်စနစ်တွင် ဖြစ်ပေါ်နေသည့် အခက်အခဲ အကြပ်အတည်းကို ရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံ၏ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ထရီလီယံ စုဆောင်းငွေအား ဟောင်ကောင် အာမခံကဏ္ဍအနေဖြင့် လိုအပ်လျှက်ရှိသည်။

၂၀၃၅ ခုနှစ်တွင် နိုင်ငံတော်ပင်စင်ငွေများ လျော့နည်းလာဖွယ်ရှိနေပြီး တရုတ်ပြည်မကြီးမှ အာမခံကုမ္ပဏီများက စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ထရီလီယံ စုဆောင်းငွေကို ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲရန်ရှိနေစဉ်တွင် နိုင်ငံတော်ပင်စင်စနစ်ကြုံတွေ့ရမည့်အကျပ်အတည်းကို ရှောင်ရှားရန်အတွက်

တရုတ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများကို အကူအညီတောင်းလာနေကြောင်း South China Morning Post (SCMP) တွင် ဂျော့ဂျီနာလီနှင့် အီနော့ချ်ယီတို့က ရေးသားခဲ့သည်။

အငြိမ်းစားယူပြီးနောက် ၁၀ နှစ်အတွင်း တည်ငြိမ်သော ပုံမှန်ငွေကြေးရရှိရန်အတွက် ရန်ပုံငွေ စိုက်ထူမည့် အစီအစဉ်များပြုလုပ်ရန် ရှေ့ပြေးစီမံချက်တစ်ရပ်ကို တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံ စည်းမျဉ်းစည်းကမ်းကော်မရှင်(CBIRC) က မေလ ၁၅ရက်က ကြေညာခဲ့ပြီး ယင်းသည် တရုတ်နိုင်ငံပင်စင်စနစ်၏ တတိယမြောက်မဏ္ဍိုင်ဖြစ်လာပြီး အစိုးရလုပ်ကိုင်သည့် ထိပ်တန်းစီမံကိန်းများနှင့် ကော်ပိုရေးရှင်းများမှ နှစ်စဉ် ထုတ်ယူနိုင်သော ရန်ပုံငွေစနစ်များဖြစ်လာမည် ဖြစ်သည်။

တစ်နှစ်စမ်းသပ်မှုကို ဇွန်လ ၁ ရက်မှစ၍ အရှေ့ပိုင်းပြည်ဖြစ်သော ကျီကျန်းနှင့် ချုံချင်းမြို့တို့တွင်ပြုလုပ်မည်ဖြစ်ကြောင်း CBIRC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအစီအစဉ်တွင် ကုမ္ပဏီခြောက်ခုပါဝင်မည်ဖြစ်ပြီး ယင်းတို့မှာ China Life Insurance၊ People's Life Insurance၊ Taiping Life Insurance၊ China Pacific Life Insurance၊ Taikang Life Insurance နှင့် Xinhua Life Insurance တို့ဖြစ်သည်။

ဟောင်ကောင်အာမခံကဏ္ဍသည် နယ်စပ်ဖြတ်ကျော်ဆက်သွယ်ရေးအစီအစဉ်ဖြင့် ဟောင်ကောင်ရှိ တရုတ်နိုင်ငံသားများကို အာမခံရောင်းချခြင်းဖြင့် ကူညီရန်မျက်စိကျနေကြောင်း ဂျော့ဂျီနာလီနှင့် အီနော့ချ်ယီတို့က ရေးသားခဲ့သည်။

ဟောင်ကောင်နှင့် ဥရောပတွင် အကြီးဆုံးဘဏ်ဖြစ်သော HSBC သည် လက်ရှိတွင် တရုတ်ပြည်မကြီးရှိ ဘဏ်ခွဲများနှင့် ယင်း၏ အာမခံယူနစ်များ၏ အတွေ့ကြုံများပြီးကောင်းစွာစီမံခန့်ခွဲနိုင်သည့် အရောင်းဝန်ထမ်း များမှတစ်ဆင့် ပင်စင်ငွေစုဆောင်းမှုနှင့် နှစ်စဉ် ထုတ်ယူနိုင်သော ရန်ပုံငွေစနစ်များကို ကမ်းလှမ်းလျက်ရှိသည်။

“ အသက်ကြီးတဲ့ လူဦးရေ တိုးလာတာနဲ့အမျှ ဒီအာမခံအစီအစဉ်တွေရဲ့ ဝယ်လိုအားလဲ များလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု HSBC Life ၏ ဟောင်ကောင်ရုံး၏ အမှုဆောင်အရာရှိချုပ် အက်ဒွပ်မွန်ကရစ်ဖ်က ဆိုသည်။

ဟောင်ကောင်အာမခံလုပ်ငန်းသည် တရုတ်ပြည်ရှိ သက်ကြီးရွယ်များ၏ ဘဏ္ဍာရေးလိုအပ်ချက်များကို ထောက်ပံ့ပေးလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာနှင့် ပင်စင်ဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ကြောင်း ဟောင်ကောင်အာမခံအာဏာပိုင်အဖွဲ့ ဥက္ကဌ ချိန်မိုချီက ပြောကြားခဲ့သည်။

ဟောင်ကောင်သို့ အလည်လာရောက်သည့် တရုတ်ပြည်သူများသည် ကျန်းမာရေးအာမခံနှင့် အခြားအာမခံများအပြင် ရေရှည်ကာကွယ်မှုအတွက် အာမခံများကို ဝယ်ယူနေကြသည်ဟု ချီက ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၇ ဘီလီယံ သို့မဟုတ် ဟောင်ကောင်၏ အာမခံရောင်းရငွေ အားလုံး၏ ၃၉ ရာခိုင်နှုန်းရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required