တရုတ်ကစားသမားများကို ကမ္ဘာ့ဖလားခြေစစ်ပွဲများမတိုင်မီ မျိုးချစ်စိတ် ပညာပေး

တရုတ်ကစားသမားများကို ကမ္ဘာ့ဖလားခြေစစ်ပွဲများမတိုင်မီ မျိုးချစ်စိတ် ပညာပေး

တရုတ်ဘောလုံးသမားများသည် လာမည့်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးဆိုင်ရာ ပညာပေးမှုများ” ကို ခံယူခဲ့ရပြီး ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းကိုလည်း လေ့လာခဲ့ရသည်ဟု မီဒီယာများမှ ဖော်ပြခဲ့သည်။

တရုတ် သမ္မတရှီကျင့်ဖျင်သည် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ဖလားရရှိရန်အတွက် ရည်မှန်းချက်ကြီးချမှတ်ထားသော်လည်း တရုတ်ဘောလုံးအသင်း၏ ကမ္ဘာ့အဆင့်မှာ ၇၇ သာရှိပြီး ၂၀၂၂ ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲတွင် အပြင်းအထန်ရုန်းကန်ရဖွယ်ရှိနေကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

ကွန်မြူနစ်ပါတီတည်ထောင်မှု နှစ်၁၀ဝ ပြည့်အထိမ်းအမှတ်ပွဲကို ဇူလိုင်လတွင် ကျင်းပရန်ရှိနေသလို ဘောလုံးအသင်းသည် နည်းပြ လီတေး ၏ လေ့ကျင့်မှုအောက်တွင် ခေတ္တခဏနားပြီး ၁၉၂၁ ခုနှစ်က ပါတီတည်ထောင်ရန် အစည်းအဝေးကျင်းပခဲ့သည့်နေရာသို့ အလည်အပတ်သွားမည်ဖြစ်သည်။

"တရုတ်ဘောလုံးအသင်းနှင့် နည်းပြအဖွဲ့၏ အမြင်အရ ကစားသမားများသည် အဓိက ပြိုင်ပွဲများမယှဉ်ပြိုင်မီ မျိုးချစ်စိတ်ဓာတ်ဆိုင်ရာအတွေးအခေါ်များရရှိခြင်းအားဖြင့် ၎င်းတို့၏ ရည်မှန်းချက်၊ တာဝန်နှင့် ဂုဏ်သိက္ခာကို ခိုင်မာအားကောင်းအောင်လုပ်ရန် အလွန်အရေးကြီးသည်" ဟု ပေကျင်းလူငယ်နေ့စဉ်သတင်းစာက ဖော်ပြခဲ့ကြောင်းကို ကိုးကားကာ AFP က“ မျိုးချစ်ပညာရေးသည် အပြုသဘောစွမ်းအင်ကို ဖြည့်ဆည်းပေးသည်” ဟု မှတ်ချက်ပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly