ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်တွင် တရုတ်က သတင်းမှားများ ဖြန့်ဝေနေခြင်းအပေါ် ထိုင်ဝမ်အစိုးရ စုံစမ်းနေ

ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်တွင် တရုတ်က သတင်းမှားများ ဖြန့်ဝေနေခြင်းအပေါ် ထိုင်ဝမ်အစိုးရ စုံစမ်းနေ

ထိုင်ဝမ်တွင် လတ်တလော ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်တွင်းရေးပဋိက္ခများကို ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်က သတင်းအချက်အလက်အမှားများ ဖြန့်ဝေရေး လှုပ်ရှားမှုများပြုလုပ်နေသောဟူသော သတင်းများနှင့် ပတ်သက်၍ ထိုင်ဝမ်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

သတင်းအချက်အလက်အမှားများဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်ရန် တရုတ်အစိုးရက အမိန့်ပေးခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားလုံခြုံရေးအေဂျင်စီများက ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် လိုပင်းချန်က ဆိုသည်ဟု Taiwan News က သတင်းဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် COVID-19 ဖြစ်ပွားမှုများမြင့်တက်လာစဉ် ယင်းကိစ္စဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး ချန်ဆင်းချွန်က မေလ ၁၈ရက် အစောပိုင်းတွင် ကိုဗစ်-၁၉ သတိပေးချက်ကို အဆင့် ၃ အထိမြှင့်ရန်စီစဉ်ခဲ့သော်လည်း ဝန်ကြီးချုပ် စုတန်းချန်က အချိန်စောင့်ဆိုင်းရန် ဖျောင်းဖျခဲ့သည်ဆိုသော မီဒီယာသတင်းမှား ထုတ်လွှင့်မှုများရှိခဲ့သည်ဟု လိုပင်းချန်က ပြောကြားသည်။

သတင်းအချက်အလက် မထုတ်ဝေမီသတင်းရင်းမြစ်များကို သေချာအောင်ပြုလုပ်သင့်ကြောင်းနှင့် ထိုင်ဝမ်၏ ရောဂါထိန်းချုပ်ရေးစင်တာနှင့် ဝန်ကြီးချုပ်အကြား မီဒီယာများက ကြားဝင်သပ်မလျှိုသင့်ကြောင်း လိုပင်းချန်က ပြောကြားသည်။

Chemical Warfare Corps အသုံးပြုသော ပိုးသတ်ဆေးသည် အဆိပ်အတောက်ဖြစ်စေသည့် သတင်းကို ကိုးကားပြီး လိုပင်းချန်က ယင်းက လူ့အဖွဲ့အစည်းအတွင်းအထိတ်တလန့်ဖြစ်ပြီး စစ်တပ်အပေါ် လူထု၏ ယုံကြည်မှုကို အားနည်းစေခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

တရုတ်အစိုးရ၏ သတင်းအချက်အလက်မှားများနှင့် စိတ်ဓာတ်စစ်ဆင်ရေးသည် ထိုင်ဝမ်ပြည်တွင်းရေးပဋိက္ခများကို ပိုမိုနက်ရှိုင်းစေရန်၊ ရောဂါကူးစက်မှုကို ကုသချိန်တိုးချဲ့ရန်၊ ထိုင်ဝမ်ကုန်ထုတ်လုပ်မှုစွမ်းရည်ကို လျော့ကျစေရန်နှင့် ထိုင်ဝမ်၏ စီးပွားရေးနှင် စတော့ဈေးကွက်ကို မတည်ငြိမ်စေရန်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ထိုင်ဝမ်သမ္မရုံးမှ ဒု-အတွင်းရေးမှုးချုပ် လီချွန်ယိက မေလ ၁၉ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ် စက်တင်ဘာလလယ်မှစ၍ တရုတ်အစိုးရသည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန် (ADIZ) အနောက်တောင်ပိုင်းတွင် တာဘိုအင်ဂျင်တပ်လေယာဉ် ၁ စင်းမှ ၃ စင်းခန့် ဝင်ရောက် ပျံသန်းခြင်းဖြင့် ယင်း၏မီးခိုးရောင်ဇုန်နည်းဗျူဟာများကို တိုးမြှင့်ကျင့်သုံးခဲ့သည်။

လွန်ခဲ့သောလအနည်းငယ်က ထိုင်ဝမ်က တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန် သို့ နေ့စဉ်ကျူးကျော်ဝင်ရောက်ခြင်းကို သတင်းဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly