တရုတ်-ထိုင်း ရထားလမ်း စီမံကိန်း ရက်ရွှေ့ဆိုင်းခြင်း

တရုတ်-ထိုင်း ရထားလမ်း စီမံကိန်း ရက်ရွှေ့ဆိုင်းခြင်း

တရုတ်သည် ရော်ဘာချပ်များကို ထိုင်းအစိုးရထံမှ ဝယ်ရန်သဘောတူညီချက်အား ငြင်းပယ်လိုက်ပြီးနောက် တရုတ်-ထိုင်း ရထားလမ်းဖောက်လုပ်ရန်  စီမံကိန်းပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးထားခြင်းအား ထိုင်းအစိုးရက ရွှေ့ဆိုင်းကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Arkhom Termpittayaisith အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

စီမံကိန်းပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာသည် နှစ်နိုင်ငံ ကိုင်စားလှယ်များက အိုရီရယ်တယ် ဟိုတယ်တွင် ကြာသာပတေးနေ့က ကိုးကြိမ်မြောက် တရုတ်-ထိုင်း ပူးတွဲကော်မတီအစည်းအဝေး၌ စတင်ရေးဆွဲခဲ့သည်။

တရုတ်သည် ထိုင်းအစိုးရထံမှ ရော်ဘာချပ်များဝယ်ယူရန် ကနဦးသဘောတူညီချက်ကို ငြင်းပယ်ပြီးနောက် ဒုဝန်ကြီးချုပ် Sarkid Jatusripitakက ထိုင်းကိုယ်စားလှယ်များအား MOC ရေးထိုးခြင်း ရွှေ.ဆိုင်းရန် အမိန့်ပေးခဲ့သည်။

ဈေးကွက်တွင် ရာဘာနှင့် ရာဘာချပ်များကို ဝယ်ယူနိုင်သည့်အတွက် မူလသဘောတူညီချက်ကို ရွှေ့ဆိုင်းခြင်းဖြစ်သည်ဟု တရုတ်က ထိုင်းကို အကြောင်းကြားထားသည်။

ရထားလမ်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးခြင်းသည် နှစ်ဖက် ရော်ဘာရောင်းခြင်းဝယ်ခြင်း သဘောတူညီမှုရရှိသည်အထိ ရွှေ့ဆိုင်းရမည်ဟု Arkaom ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly