မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်လာနိုင် လို့ ကုလအထူးကိုယ်စားလှယ်ပြော 

26 May 2021
မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်လာနိုင် လို့ ကုလအထူးကိုယ်စားလှယ်ပြော 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က  တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို လာဖို့ အချိန်မတန်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူနဲ့ လူချင်းတွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့လည်း Burgener က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကွန်ဖရင့်ကနေ ပြောခဲ့ပါတယ်။ မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required