ဂျမူး-ကက်ရှ်မီးယားရှိ ဘန်ဒီပိုရာဆေးရုံတွင် ပထမဆုံး အောက်စီဂျင်စက်ရုံ ဖွင့်လှစ်

ဂျမူး-ကက်ရှ်မီးယားရှိ ဘန်ဒီပိုရာဆေးရုံတွင် ပထမဆုံး အောက်စီဂျင်စက်ရုံ ဖွင့်လှစ်

ဂျမူး-ကက်ရှ်မီးယားဒေသ၏ ကိုဗစ်ရောဂါကုသရေးခရိုင်ဆေးရုံတွင် ပထမဆုံး အောက်စီဂျင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ခြင်းသည် ကိုဗစ်ရောဂါ ကူးစက်မှု ဒုတိယလှိုင်းကာလတွင် လိုအပ်ချက်ကြီးမားသဖြင့် လူများစွာ စိတ်သက်သာရာရစေခဲ့သည်။

ပြည်ထောင်စုနယ်မြေတွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှုများပြားလာခြင်းကြောင့် အောက်စီဂျင်လိုအပ်ချက် မြင့်မားလာသောကြောင့် တစ်မိနစ်လျှင် အောက်ဆီဂျင် လီတာ ၁၀ဝဝ ထုတ်လုပ်ပေးသောစက်ရုံကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ယခင်က လူနာများသည် အောက်စီဂျင်ရရှိရန် ဆရီနန်ဂါသို့ သွားခဲ့ရသည်ဟု ဒေသခံများကပြောကြားခဲ့သည်။

"ဒီအောက်စီဂျင်စက်ရုံအသစ်နဲ့ ကျွန်တော်တို့ ကပ်ရောဂါကို အပြင်းအထန်တွန်းလှန်နိုင်မှာပါ" ဟု ဘန်ဒီပိုရာမှ ဒေသခံ ဂူလမ်နာဘီက ပြောကြားခဲ့သည်။

အရပ်ဘက်လူ့အဖွဲ့အစည်း ဒုဥက္ကဋ္ဌ အက်ဒူလ်မာဂျီးဘေးက ခရိုင်အတွင်းရှိ လူများသည် အောက်စီဂျင်ရရှိမှုနှင့် ပတ်သက်၍ ပြဿနာများ ရင်ဆိုင်နေရကြောင်းလည်း ပြောကြားခဲ့သည်။

“ အစောပိုင်းက ကျွန်တော်တို့ အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ ဒီမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြီးရှိနေပါတယ်။ ဆင်းရဲတဲ့လူတွေ ရင်ဆိုင်နေရတဲ့ပြဿနာ အတော်များများကို ဒီစက်ရုံက ဖြေရှင်းပေးနိုင်ပါပြီ။ ခုတော့ လူနာတွေက ဆရီနန်ဂါ ကို သွားဖို့မလိုအပ်တော့ပါဘူး" ဟု သူက ANI သို့ ပြောကြားခဲ့သည်။

ခရိုင်ရှိ လူအားလုံးက ယခုအခါတွင် စိတ်ကျေနပ်နေကြသည်ဟု အောက်စီဂျင်စက်ရုံမှ ပညာရှင် မန်ဇောအာမက်က ယုံကြည်နေသည်။

“ ဘန်ဒီပိုရာရဲ့ အောက်ဆီဂျင်လိုအပ်နေတဲ့ ဝေဒနာသည်တွေက ဆရီနန်ဂါကို သွားရပါတယ်။ အများစုက ဆင်းရဲနွမ်းပါးပြီး ခရီးစရိတ်မရှိပါဘူး။ အောက်စီဂျင်စက်ရုံက သူတို့အနားကို ရောက်လာလို့ အခုတော့ လူနာတွေက ပျော်ရွှင်နေကြပါပြီ "ဟု သူက ပြောသည်။

ဆေးရုံတွင် အောက်စီဂျင်ထုတ်လုပ်သည့် စက်ရုံကို ၂၀၂၀ပြည့်နှစ်က တည်ထောင်ခဲ့သော်လည်း ၉၀ ရာခိုင်နှုန်းသာ ပြီးစီးခဲ့သည်။ ယခုစက်ရုံသည် အပြည့်အဝလည်ပတ်နေပြီဟု ဒု-ကော်မရှင်နာ ဒေါက်တာ အိုဝစ် အာမက်က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required