စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ၁ ဦးနှင့်ဆက်သွယ်မေးမြန်းချက်

25 May 2021
စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ၁ ဦးနှင့်ဆက်သွယ်မေးမြန်းချက်

" စစ်ဘေးရှောင် စခန်းတွေနားမှာတော့ တိုက်ပွဲတွေ မဖြစ်ဖို့ တောင်းဆိုချင်ပါတယ်၊ အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေက ကြောက်လန့်နေကြတယ်"
ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ ကူညီပေးနေသူတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတာပါ။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်သူ ပိုများလာတာကြောင့် စစ်ရှောင်စခန်းတွေမှာ အစားအသောက် နဲ့ ဆေးဝါးတွေ ပိုပြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်း အနည်းဆုံး ငါး ခုရှိပြီး စစ်ဘေးရှောင်နေရသူ  ၁၀၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly