မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၂၅ ရက်၊ ၂၀၂၁)

25 May 2021
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၂၅ ရက်၊ ၂၀၂၁)

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မနေ့တုန်းက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ပြည်တွင်း ကာကွယ်ဆေးတွေထိုးပေးရေးတွေ လုပ်ဆောင်ဖို့ အများအပြား လိုအပ်နေသေးပေမယ့် သမ္မတဂျိုးဘိုင်ဒန်က ကမ္ဘာ့တခြားနိုင်ငံတွေကို ပိုမိုအကူအညီပေးဖို့ စီစဉ်နေပါတယ်။ ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကိုလည်း မေလ ၂၅ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required