ကိုဗစ်-၁၉ အခြေအနေဆိုးရွားသော်လည်း အိန္ဒိယသည် အင်အားကြီးထွားနေဆဲ နိုင်ငံအဖြစ် ဆက်လက်ရှိနေ

ကိုဗစ်-၁၉ အခြေအနေဆိုးရွားသော်လည်း အိန္ဒိယသည် အင်အားကြီးထွားနေဆဲ နိုင်ငံအဖြစ် ဆက်လက်ရှိနေ
Photo: EPA

ကိုဗစ်-၁၉ ရောဂါ စံချိန်တင် မြင့်တက်နေသောကြောင့် ဆုံးရှုံးမှုများ ရှိနေသော်လည်း အိန္ဒိယသည် ကမ္ဘာပေါ်တွင် အင်အားကြီးထွားနေဆဲ နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး စွမ်းအားအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်စေမည့် အင်အားအများအပြားရှိနေကြောင်း ဆော်ဒီအာရေဗျနိုင်ငံထုတ် သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။

ကပ်ရောဂါနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ၏ ကိုင်တွယ်လုပ်ဆောင်ချက်များအပေါ် ပြန်လည်ငြင်းဆိုထားသည့် အမေရိကန်နိုင်ငံခြား မူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂျွန်စီဟူးစ်မန်းက Arab News သတင်းစာ၌ သဘောထား အမြင်ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ရာတွင် အိန္ဒိယ၏ နိုင်ငံရေး အင်အားတည်ဆောက်မှုသည် တည်ငြိမ်ကြောင်း၊ မိုဒီနှင့် ၎င်း၏ BJP ပါတီတို့သည့် အခြားဖွဲ့ဖြိုးဆဲနိုင်ငံများက မနာလိုရလောက်အောင်ပင် နို်ငငံရေးအရ အောင်မြင်နေကြောင်း ဖော်ပြထားသည်။

ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု သိသာစွာ မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ထိခိုက်မှုများရှိလာသလို အနောက်နို်ငငံ မီဒီယာများ၏ ဝေဖန်ပြစ်တင်မှုများကိုလည်း ကြုံတွေ့လာရသည်။

အမှန်တကယ်ကြုံတွေ့နေရသည့် အန္တရာယ်မှာ အိန္ဒိယနိုင်ငံ၏ ယနေ့ ပြဿနာများကို ကြည့်နေကြခြင်း ဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံး ဖြစ်လာစေမည့် အပေါ်ယံလွှာအောက်မှ တည်ရှိနေသည့်အပြောင်းအလဲများကို မကြည့်ခြင်းဖြစ်သည်ဟု လည်း ဟူးစ်မန်းက ပြောသည်။

“ပထမအချက်ကတော့ အိန္ဒိယရဲ့ နိုင်ငံရေးစနစ်ဟာ အရမ်းကို တည်ငြိမ်ပါတယ်။ အံ့ဩစရာကောင်းတဲ့ နိုင်ငံရေး မူဝါဒတွေကြောင့် (မိမိတို့အဖွဲ့အစည်းရဲ့ နိုင်ငံရေးစိန်ခေါ်မှုများအပေါ်ခန့်မှန်းချက်အတိုင်း) BJP ပါတီဟာ ၂၀၁၉ ခုနှစ်၊ မေလ နိုင်ငံတော် ပါလီမန်ရွေးကောက်ပွဲတွေမှာ ထိုက်တန်စွာ အနိုင်ရခဲ့တယ်။ ဒီနိုင်ငံရေး အားသာချက်တွေနဲ့အတူ ပြည်သူတွေကလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ တရုတ်ကိုလည်း ၂၀၂၄ မှာ ကျော်သွားနိုင်ပါတယ်။ အရေးကြီးတာကတော့ အိနိ္ဒယရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၂၅ နှစ်အောက် လူငယ်တွေ ဖြစ်ကြပြီး အသက် ၃၅ နှစ်အောက်ကတော့ ၆၅ ရာခိုင်နှုန်းရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

အိနိ္ဒယ၏ ခိုင်မာအားကောင်းသည့် ကိန်းဂဏန်းများနှင့် ပတ်သက်၍ ၎င်းက အိန္ဒိယ၏ စီးပွားရေး ဆိုင်ရာ ကိန်းဂဏန်းများသည်လည်း လိမ်ညာထားခြင်းမဟုတ်ကြောင်း ပြောသည်။

“၂၀၅၀ ပြည့်နှစ်မတိုင်မီ အိနိ္ဒိယ၏ အသားတင် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးသည် ကမ္ဘာ့တန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ရှိလာမည်။ ကိုဗစ်-၁၉ စီးပွားရေး အခက်အခဲကနေ လွန်မြောက်တဲ့အခါ အိန္ဒိယဟု အသစ်ပြန်လည်ဖွံ့ဖြိုးလာတဲ့ ရွှေရောင်ခေတ်ကို ပြန်ရောက်လာပါလိမ်မယ်”ဟု ဒေါက်တာဟူးစ်မန်းက ပြောသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုနှုန်း ယခုနှစ်တွင် ၁၁ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။

“ကာလရှည်ကြာ နိုင်ငံရေး တည်ငြိမ်မှုနဲ့ စီးပွားရေးနဲ့ လူဦးရေ တိုးတက်မှုဟာ အိနိ္ဒယအနေနဲ့ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးနေတဲ့ နိုင်ငံ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေသလို ဆက်လက်တိုးတက်ဖို့လည်း ရှိနေပါတယ်” ဟု ၎င်းက ရေးသားထားသည်။

အပေါ်ယံတွင် တစ်ခါတစ်ရံ မတည်ငြိမ်မှုများ ရှိနေသော်လည်း အိန္ဒိယ၏ ခံနိုင်ရည်ရှိသော ၊ တည်ငြိမ်သော နိုင်ငံရေးလမ်းကြောင်းသည် လုံးဝကောင်းမွန်ကြောင်း ၎င်း၏ ဆောင်းပါးတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly