ကယ်လီဖိုးနီးယားတွင် သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၁၄ ဦး သေဆုံး

ကယ်လီဖိုးနီးယားတွင် သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၁၄ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ရာ လူ ၁၄ ဦးသေဆုံးပြီး သံသယရှိ သေနတ်သမား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ရဲက အသေပစ်သတ် ဖမ်းမိသည်။

ပစ်ခတ်ခံရ၍ သေဆုံးသူများက ရိုင်ဖယ်သေနတ်များ၊ ပစ္စတိုများနှင့်ဖြစ်ပြီး တိုက်ခိုက်ရေး ဝတ်စုံကိုလည်း ဝတ်ဆင်ထားကြောင်း ရဲက အတည်ပြုသည်။

အစောပိုင်းနာရီများက သေနတ်သမားများက ဆန်ဘာနာဒီနို ကွန်မြူနတီစင်တာတွင် ကျင်းပနေသည့် အားလပ်ရက်ပါတီပွဲသို့ ရောက်ရှိလာကာ သေနတ်ဖြင့် ဝှေ့ယမ်း ပစ်ခတ်ခြင်းဖြစ်သည်။

လူ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး မြို့အဝင်အထွက်အားလုံးနီးပါးကို ပိတ်လိုက်ကာ တာဝန်ရှိသူ ရာနှင့်ချီကာ သေနတ်သမားများနောက် ရှာဖွေလိုက်လံခဲ့ရခြင်းဖြစ်သည်။

အစွန်းရောက်တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု FBI က ပြောလာခြင်းမရှိသေးသော်လည်း ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

ပစ်ခတ်မှုဖြစ်ရာ နေရာတစ်ဝိုက်တွင် ပေါက်ကွဲမှုများလည်း ဖြစ်လာနိုင်၍ နေထိုင်သူများကို အာဏာပိုင်များက ပြောင်းရွှေ့ပေးထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly