ကမ္ဘာတ၀န်း ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေး၀န်ထမ်း ၁ သိန်းကျော် သေဆုံးခဲ့

ကမ္ဘာတ၀န်း ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေး၀န်ထမ်း ၁ သိန်းကျော် သေဆုံးခဲ့
Photo - AFP

မေ ၂၄

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာတ၀န်း ကျန်းမာရေး စောင့်ရှောက်မှု၀န်ထမ်း ၁၁၅,၀၀၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲက မေလ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

“၁၈ လတာနီးပါးကာလအတွင်း ကမ္ဘာတ၀န်းလုံးမှာ ကျန်းမာရေး၀န်ထမ်းတွေဟာ အသက်အန္တရာယ်တွေအကြားမှာ ဖြတ်သန်းနေထိုင်ခဲ့ကြရပါတယ်” လို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်စ်က ပြောပါတယ်။

WHO အဖွဲ့ကြီးရဲ့ အဓိကနှစ်ပတ်လည် ညီလာခံဖွင့်ပွဲတစ်ခုအတွင်း WHO အကြီးအကဲက အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီ ကျန်းမာရေးအမှုထမ်းတွေထဲက အများအပြားဟာ သူတို့ကိုယ်တိုင် ကူးစက်ခံခဲ့ကြရပါတယ်၊ ကျွန်တော်တို့ ခန့်မှန်းရသလောက်တော့ ကျန်းမာရေး စောင့်ရှောက်မှု၀န်ထမ်း တစ်သိန်းကျော်ဟာ အခြားသူတွေကို ကုသစောင့်ရှောက်မှုပေးရတဲ့ တာ၀န်တွေကို ထမ်းဆောင်ရင်းနဲ့ သူတို့အသက်တွေကို စွန့်လွှတ်ပေးဆပ်ခဲ့ကြရပါတယ်” လို့ တက်ဒရို့စ်က ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required