အိုလံပစ်ပြိုင်ပွဲမတိုင်မီ ဂျပန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးစင်တာတွေ ဖွင့်လှစ်

အိုလံပစ်ပြိုင်ပွဲမတိုင်မီ ဂျပန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးစင်တာတွေ ဖွင့်လှစ်
Photo - AFP

မေ ၂၄

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ဆုတ်ရွှေ့ဆိုင်းမှုတွေ လုပ်ထားခဲ့ရတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမတိုင်ခင် နှစ်လသာသာခန့် အလိုမှာ ဂျပန်နိုင်ငံမှာ ပထမဆုံးသော ကိုဗစ်ကာကွယ်ဆေးထိုးစင်တာတွေကို မေလ ၂၄ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ သတိထားလုပ်ဆောင်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု ပရိုဂရမ်ကို အရှိန်မြန်ဆန်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဂျပန်အာဏာပိုင်တွေဟာ အများပြည်သူအတွက် ကာကွယ်ဆေးထိုးစင်တာတွေကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

တိုကျိုနဲ့ အိုဆာကာမြို့တို့မှာ စစ်တပ်က စီမံခန့်ခွဲမယ့် အဆိုပါ ဆေးထိုးစင်တာနှစ်ခုမှာတော့ နေ့စဉ်လူထောင်ချီကို ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပြီး ကနဦးအားဖြင့် သက်ကြီးမြို့ခံပြည်သူတွေကို ဦးစားပေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ‌တော့ ယခုအခါ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု စတုတ္ထလှိုင်းတစ်ခုကို ရင်ဆိုင်နေရပါတယ်။

လက်ရှိအချိန်အထိ ဂျပန် လူဦးရေ ၁၂၅ သန်းရဲ့ နှစ်ရာခိုင်နှုန်းသာသာကပဲ ကာကွယ်ဆေး အပြည့်အ၀ ထိုးနှံမှု ခံယူထားရသေးတယ်လို့ သိရပြီး ဒါကိုတော့ အမေရိကန်ရဲ့ ၄၀ ရာခိုင်နှုန်း၀န်းကျင်၊ ပြင်သစ်ရဲ့ ၁၅ ရာခိုင်နှုန်းတို့နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ယင်းနိုင်ငံမှာ တင်းကျပ်တဲ့ ဆေးကုသမှုဆိုင်ရာ စည်းမျဉ်းတွေ၊ ရှုပ်ထွေးတဲ့ ဗျူရိုကရေစီစနစ်တို့ကြောင့် အဟန့်အတားဖြစ်ထားခဲ့ရတဲ့ ကာကွယ်ဆေး ထိုးနှံမှုပိုင်း နှေးကွေးခဲ့မှုအပေါ်မှာလည်း ‌ဝေဖန်မှုတွေလည်း မြင့်တက်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly