လာဘ်စား၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပါကစ္စတန်အရာရှိ၁၈ ဦးကို တာဝန်မှ ဆိုင်းငံ့

လာဘ်စား၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပါကစ္စတန်အရာရှိ၁၈ ဦးကို တာဝန်မှ ဆိုင်းငံ့

ပါကစ္စတန်တွင် လာဘ်စား၍ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ကာကွယ်ဆေးထိုး စင်တာများတွင် မသမာမှုများ လုပ်ဆောင်ရာ၌ ပါဝင်မှုဖြင့် ကျန်းမာရေးနှင့် ဌာနဆိုင်ရာဝန်ထမ်း ၁၈ဦးကို လာဟိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်အတွင်း တာဝန်မှရပ်ဆိုင်းလိုက်သည်။

လာဟိုးမြို့ရှိ ပါကစ္စတန်ကျောက်ကပ်နှင့် အသည်းဌာန (PKLI) နှင့် ကာကွယ်ဆေးဌာနများနှင့် ဆက်နွှယ်သည့် တိုင်ကြားမှုအများအပြား ရရှိပြီးနောက် ယင်းကိစ္စများကို အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ယခုအရေးယူခံရသည့် အရာရှိများသည် လာဘ်ယူ၍ ပြည်သူများကို ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း လာဟိုးပြည်နယ် လက်ထောက် ကော်မရှင်နာမင်းကြီး မူဒက်ဆာရီရက်ဇက်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly