အိန္ဒိယ၏ ကိုဗစ်စစ်သည်တော်များ - အာရှ၏ အဆင်းရဲဆုံး ရပ်ကွက်က ဗိုင်းရပ်စ်တိုက်ပွဲအတွက် စံပြနေရာတစ်ခု ဖြစ်လာပုံ

အိန္ဒိယ၏ ကိုဗစ်စစ်သည်တော်များ - အာရှ၏ အဆင်းရဲဆုံး ရပ်ကွက်က ဗိုင်းရပ်စ်တိုက်ပွဲအတွက် စံပြနေရာတစ်ခု ဖြစ်လာပုံ

အာရှတိုက်၏ အဆင်းရဲဆုံး ရပ်ကွက်အဖြစ် သိရှိထားသော ဓာရာဝီသည် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းနှင့် သေဆုံးမှုပိုမိုများပြားခဲ့သည့် အချိန်၌ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော SARS -CoV-2 ဗိုင်းရပ်စ်အား ကောင်းစွာ တွန်းလှန်ထားနိုင်သည်။

ဆင်းရဲသော ရပ်ကွက်တွင် နေထိုူင်သူများအကြား ကြပ်သိပ်၍ မသန့်ရှင်းသော နေထိုင်မှု အခြေအနေများကြောင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန် မဖြစ်နိုင်သလို အိမ်တွင် သီးခြားနေထိုင်ရန်လည်း မလွယ်ကူပေ။ ယင်းရပ်ကွက်တွင်နေထိုင်သူ အများစုသည် မွမ်ဘိုင်းသို့ ရွေ့ပြောင်းနေထိုင်စီးပွားရှာ ကြသည်။ သို့သော် ဗိုင်းရပ်စ်ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားခြင်းအပေါ် တွန်းလှန်ရာ၌ အိန္ဒိယတွင် စံနမူနာ ယူစရာ နေရာတစ်ခု ဖြစ်လာသည်။

မေလ ၁၄ နှင့် ၁၆ ရက်တို့တွင် ဓာရာဝီ၌ ရောဂါကူးစက်ခံရသူ ၈ ဦးနှင့် ၉ ဦးသာ ရှိခဲ့ပြီး ယင်းနောက်ပိုင်း တစ်နေ့လျှင်ရောဂါ ဖြစ်ပွားသူ ဆယ်ဂဏန်းပင် မရှိတော့ပေ။

လူဦးရေ များစွာထူထပ်နေသည့် ဓာရာဝီသည် မြို့တော်တွင် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးနေရာဖြစ်လိမ့်မည်ဟု မွမ်ဘိုင်းမြို့သားတို့၏ စိုးရိမ်မှုနှင့် များစွာ ကွာခြားနေသည်။ လူဦးရေ ၁၅ သန်းခန့်ရှိသည့် မြို့ကြီး၏ အခြားနေရာများနှင့် မတူဘဲ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် သိသာစွာ ကျဆင်းနေသည်။

အာရှ၏ အချမ်းသာဆုံး မြို့ပြ အုပ်ချုပ်ရေးအဖွဲ့ ဘရီဟန်မွမ်ဘိုင်း ကော်ပိုရေးရှင်း (BMC) ၏ ကော်မရှင်နာ မင်းကြီး အစ်ဘယ်ဆင်းချာဟယ်နှင့် G (North) ရပ်ကွက်မှ လက်ထောက် မြူနီစီပယ် ကော်မရှင်နာမင်းကြီး ကီရန်ဒီဟာကာ တို့သည်လည်း ဓာရာဝီ၏ စံနမူနာဖြစ်မှုအတွက် များစွာ ချီးမွမ်းရမည်ဖြစ်သည်။သေဆုံးသူအရေအတွက်ကို လျှော့၍ ဖော်ပြသည်ဟု စွပ်စွဲမှုများ ရှိနေချိန်တွင် အိနိ္ဒယ၌ အဆိုးရွားဆုံး ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက်မှုအတွက် အခက်ခဲဆုံး စိန်ခေါ်မှုများကို ကျော်လွှားနိုင်သောကြောင့် ၎င်းတို့၏ အောင်မြင်မှုကိုလည်း ဂုဏ်ပြုရန် လိုအပ်မည်ဖြစ်သည်။

ယမန်နှစ် ကပ်ရောဂါ ပထမလှိုင်းအတွင်း ထူးခြားပြောင်မြောက်သည့်လုပ်ရပ်အတွက် BMC အာဏာပိုင်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ချီးမွမ်းခဲ့သည်။ အဆိုပါ အာဏာပိုင်အဖွဲ့၏ လုပ်ဆောင်ချက်များကို အိန္ဒိယရှိအခြား မြူနီစီပယ်အဖွဲ့များက အတုယူရမည့် ‘ဓီရာဝီ’ စံနမူနာအဖြစ်လည်း စွမ်းဆောင်ပြနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် မဟာဗျူဟာ အပြောင်းအလဲတွင် ဒီဃာဝါကာ သည် အပြောင်းအလဲ လုပ်ဆောင်ခဲ့သည်။ “မြို့ပြအာဏာပိုင်တွေအနေနဲ့ T ၃ လုံးကို အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်၊ ရောဂါခြေရာခံခြင်း (Tracing)၊ စမ်းသပ်ခြင်း (Testing) နဲ့ ကုသခြင်း (Treating) တို့ကို လူနာတွေအတွက် ကိုဗစ်-၁၉ ကူးစက်ရာမှာ ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ရောဂါကာကွယ်မှုနဲ့ ပတ်သက်လို့ ဓီရာဝီမှာ ရောင့်ရဲမနေဖို့ ဖေဖော်ဝါရီ ၁၃ မှာ ကူးစက်ခံရသူ ၅ ဦး ရှိခဲ့သည်အထိ သတိပေးမှုတွေကို ပုံမှန် လုပ်ဆောင်ခဲ့ပါတယ်” ဟု ဒီဃာဝါကာက ပြောကြားသည်။

ဓာရာဝီစံနမူနာပုံစံကို အကောင်အထည်ဖော်ခဲ့သူ ဒီဃာဝါကာက လုပ်ငန်းစဉ်အစမှပင် ပါဝင်လုပ်ကိုင်ခဲ့သည်။ “ကျွန်တော်တို့ စောစောစီးစီးကပဲ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဆင်းရဲသားရပ်ကွက်မှာ နေထိုင်သူတွေဆီက စစ်ဆေးချက်တွေကို ရယူဖို့အတွက် ဗင်ကားတွေနဲ့ ဆေးပစ္စည်းတွေကို အသုံးပြုခဲ့ပါတယ်။ ကာကွယ်ဆေးထိုးအစီအစဉ်ကို မတ်လကတည်းက ခပ်ကြမ်းကြမ်းစခဲ့တာကြောင့် ဗိုင်းရပ်စ်ကို အခုလို ကာကွယ်နိုင်ခဲ့တာပါ” ဟု သူက ပြောကြားသည်။

“ဟိုတုန်းကတော့ ဓာရာဝီမှာ ကာကွယ်ဆေးထိုးဖို့ကို စိတ်ပါလက်ပါ မရှိခဲ့ကြပါဘူး။ ပထမဆုံးရက်မှာ ၆၄ ဦးပဲ လာထိုးတာ စာရင်းတွေမှာ တွေ့ရပေမယ့် နောက်ပိုင်းမှာ ဆင်းရဲသားရပ်ကွက်က လူတွေကို ဆပ်ပြာ၊ အချိုရည်ပုလင်းစတဲ့ လက်ဆောင်တွေပေးပြီး ကာကွယ်ဆေးလာထိုးဖို့ စည်းရုံးရပါတယ်။ သူတို့ သဘောဆန္ဒအလျောက် ဆေးလာထိုးအောင်လည်း ရပ်ကွက်ထဲက ဆရာဝန်တွေက တိုက်တွန်းရပါတယ်။

တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ နည်းဗျူဟာ အလုပ်ဖြစ်ပြီး ခုချိန်ထိ ဒီရပ်ကွက်က လူ ၁၆၀၀၀ ဆေးလာထိုးဖို့ စီစဉ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အစိုးရလက်အောက်ခံမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Bharatiya Jain Sangh ကလည်း ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်သူများအတွက် ကာကွယ်ဆေးထိုးရေး ပညာပေးအစီအစဉ်များ လုပ်ဆောင်ကာ စာရင်းပေးသွင်းရန် ကူညီခဲ့သည်။

“ဆင်းရဲသား ရပ်ကွက်မှာ နေသူတွေအများစုက စာမတတ်သူများလို့ ဘယ်လိုစာရင်းပေးသွင်းရမယ်ဆိုတာ မသိပါဘူး၊ အင်ဂျီအိုက စေတနာ့ဝန်ထမ်းတွေက အများကြီး လုပ်ပေးခဲ့ပါတယ်”ဟုလည်း ၎င်းက ပြောသည်။

မဟင်ဓာရာဝီ အထွေထွေရောဂါကုဆရာဝန်များအသင်းက ကူးစက်ရောဂါပထမလှိုင်းအတွင်း ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူများ၏ ပူးပေါင်းပါဝင်မှုကို အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ဗိုင်းရပ်စ်ကူးစက်သည့် ဒုတိယလှိုင်းနှင့် သေနှုန်းပိုမိုမြင့်မားသည့်အကြိမ်တွင်လည်း အရပ်ဖက် အာဏာပိုင်များကလည်း အဆိုပါ အခွင့်အလမ်းကို အသုံးချနိုင်ခဲ့သည်။

BMC ၏ ‘တို့မိသားစု၊ တို့တာဝန်’ လုပ်ငန်းစဉ်သည် တိုးတက်မှုရရှိခဲ့ပြီး ဒုတိယလှိုင်းအတွင်း လူဦးရေ ၄၀၀ ၃၆၀၀ ခန့်ကို ၃ ကြိမ် ဆေးစစ်နိုင်ခဲ့သည်။

ဓာရာဝီတွင် များစွာသောအကြောင်းအရာများကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနိုင်သည်ဟု သတ်မှတ်ထားခဲ့ကြသည်။ ဥပမာ ဒေသခံ ၈၀ ရာခိုင်နှုန်းသည် အများသုံး အိမ်သာ ၄၅၀ ကို အသုံးပြုနေကြသောကြောင့် ရောဂါကူးစက်မှု အလွန်မြန်ဆန်လိမ့်မည်ဟု စိုးရိမ်ခဲ့ကြရသည်။

အခန်းကျယ်ကြီးတစ်ခုအတွင်းရှိ ၁၀ပေပတ်လည် အခန်းတစ်ခုစီတွင် လူ ၁၀ ဦးအထိ နေထိုင်ရသည်များ ရှိပြီး နေရာကျဉ်းကျဉ်းတွင် ဆူညံစွာ နေကြရသည်။

ခပ်ခွာခွာနေထိုင်ခြင်းနှင့် နေအိမ်တွင် သီးခြားနေထိုင်ခြင်းတို့သည် ယမန်နှစ် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ဓာရာဝီတွင် အထက်တန်းကျကျ နေထိုင်ခြင်းအဖြစ် သတ်မှတ်ခေါ်ဝေါ်လာကြပြီး မြို့ပြနေထိုင်မှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကိုဗစ်ရောဂါနှင့် သင့်တော်သည့် အနေအထိုင်အမူအကျင့်များကို လက်တွေ့တွင် မလုပ်ဆောင်နိုင်ခဲ့ပေ။

သို့သော် BMC အာဏာပိုင်များသည် ဗိုင်းရပ်စ်ပျံနှံ့မှုကို စတင်သည့်အချိန်၌ပင် ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။

“ဒါဟာ ဓာရာဝီရဲ့ အလှတရားပါ။ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေနဲ့ သံသယရှိသူတွေကို ချက်ခြင်းခွဲထားခဲ့ပါတယ်။ သီးသန့်စောင့်ရှောက်ရေးဌာနတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေကို တစ်နေ့ သုံးကြိမ် ကျွေးပါတယ်။ ရပ်ကွက်ထဲက မကူးစက်ထားတဲ့ သူတွေကိုတော့ အစားအစာတွေ ခွဲဝေပေးတယ်” ဟု ဒီဃာဝါကာက ပြောသည်။

ဩဂုတ်-စက်တင်ဘာလတွင် ဝင်ရောက်လာဖွယ်ရှိသည့် ကိုဗစ် တတိယလှိုင်းအား ထိန်းချုပ်ရန် အရပ်ဖက်အာဏာပိုင်များက အသင့်ဖြစ်နေပါပြီ။ တတိယလှိုင်းဟာလည်း သူ့အတိုင်းအတာနဲ့သူ အခက်အခဲတွေ ရှိမှာပါ။ ဗိုင်းရပ်စ်ကျွန်တော်တို့ကို ရှာတွေ့တဲ့အချိန်အထိ စောင့်မနေသင့်ပါဘူး။ ကျွန်တော်တို့က သူ့ကို လိုက်ပြီး မောင်းထုတ်ရပါမယ်။ အခုချိန်ထိတော့ အောင်မြင်မှုတွေ ရရှိထားပါတယ်” ဟု ၎င်းက ပြောသည်။

ဓီရာဝီတွင် ယခုချိန်ထိ ကိုဗစ်-၁၉ နှင့် ဆက်စပ်သေဆုံးသူ ၃၄၄ ဦး စာရင်းရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly