ကိုဗစ်-၁၉ ကြောင့် မြန်မာဒုက္ခသည် ၆ ဦးသေဆုံး ကာကွယ်ဆေးအလှမ်းဝေးနေဆဲ

ကိုဗစ်-၁၉ ကြောင့် မြန်မာဒုက္ခသည် ၆ ဦးသေဆုံး ကာကွယ်ဆေးအလှမ်းဝေးနေဆဲ

မေ ၂၂

 ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်ခြောက်ဦးသေဆုံးပြီး ၁၀၀ ကျော် ကူးစက်မှုခံထားရသော်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံနိုင်မည့် အခွင့်အလမ်းကတော့ ကွယ်ပျောက်နေဆဲဖြစ်သည်။ 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒုတိယအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ၏မြို့တော်တွင် မြန်မာ ၃၀၀၀ ကျော်မှီတင်းနေထိုင်လျှက်ရှိသည်။ 

လူဦးရေ သန်း ၁၃၀၀ ကျော်ရှိ အိန္ဒိယနိုင်ငံတွင် နိုင်ငံသားအထောက်အထားလက်မှတ်ရှိသော အသက် ၁၈နှစ်အထက်လူတိုင်း ကာကွယ်ဆေးထိုးနှံခွင့်ရှိသော်လည်း ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးထားသည့် အသိအမှတ်ပြုလက်မှတ်သာရှိသော မြန်မာများကတော့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် အကျုံးမဝင်ပါ။

ထို့အပြင် အိမ်ရှင်နိုင်ငံတွင် လက်ရှိအချိန်အထိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူအရေအတွက်သည် ၄ ရာခိုင်နှုန်းပင် မပြည့်သေးပါ။

နယူးဒေလီရှိ ဆေးရုံများတွင် ကိုဗစ်လူနာများပြည့်လျှံနေပြီး အောက်ဆီဂျင်နှင့် ဆေးဝါးမလုံလောက်ဖြစ်နေသည့်အတွက်  ဗိုင်းရပ်စ်ကူးစက်မှာကို အလွန်စိုးရိမ်နေကြောင်း နာတာရှည်ရောဂါရှိသူ ဒုက္ခသည်တစ်ဦးက ပြောသည်။

ဒုက္ခသည်များ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ UNHCR အနေဖြင့် အိန္ဒိယအာဏာပိုင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly