အိန္ဒိယရေကြီးမှု သေဆုံးသူ ၂၀၀ နီးပါးရှိ

အိန္ဒိယရေကြီးမှု သေဆုံးသူ ၂၀၀ နီးပါးရှိ

အိန္ဒိယတောင်ပိုင်းမြို့ ချန်နိုင်းတွင် မိုးများထပ်မံရွာသွန်းလာ၍ ရေကြီးမှုများဖြစ်ပွားနေရာ လေယာဉ်များ၊ ရထားများ ခရီးစဉ်ရပ်နားထားရပြီး လူထောင်ပေါင်းများစွာလည်း လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။

နှစ်ရက်ကြား မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေဘေးကြုံနေသည့် ပြည်သူထောင်ပေါင်းများစွာကို ကယ်ဆယ်ရေးအတွက် စစ်တပ်က တပ်ဖွဲ့များ ဖြန့်ကြက်စေလွှတ်ထားသည်။

ပြီးခဲ့သည့် လကစကာ တမီလ်နာဒူးပြည်နယ်တွင် ရေကြီးမှုများအတွင်း သေဆုံးသူပေါင်းမှာ ၁၈၈ ဦးအထိ ရှိလာပြီဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းခြေဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ချန်နိုင်းမြို့တွင် သီတင်းတစ်ပတ်နီးပါး မိုးမစဲဘဲ ရွာသွန်းခဲ့သဖြင့် မြို့တစ်မြို့လုံး ရေဘေးဒုက္ခအောက် ရောက်ရှိခဲ့ရသည်။

ယခုတွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းလိုက်သဖြင့် ရေကြီးမှုများ ဖြစ်လာကာ မြို့လေဆိပ်အတွင်း ရေများဝင်ရောက်၍ လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထားရလျက်ရှိသည်။ သတင်းများတွင် လေဆိပ်တွင် သောင်တင်နေသည့် ခရီးသည်ပေါင်း ၄၀၀ ခန့်ရှိပြီး လေယာဉ်ပျံသန်းမှုအားလုံး ပယ်ဖျက်လိုက်ရကြောင်း ဖော်ပြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly