ဆန္ဒပြလူငယ်တွေရဲ့ပုံကို ရွှေဘိုစည်ပင်သာယာဈေး မီးရှို့သူတွေအဖြစ်ဖော်ပြထားတဲ့ သတင်းအမှား

21 May 2021
ဆန္ဒပြလူငယ်တွေရဲ့ပုံကို ရွှေဘိုစည်ပင်သာယာဈေး မီးရှို့သူတွေအဖြစ်ဖော်ပြထားတဲ့ သတင်းအမှား

ရန်ကုန်မြို့က ဆန္ဒပြလူငယ်တွေရဲ့ပုံကို ရွှေဘိုစည်ပင်သာယာဈေးမီးရှို့သူတွေအဖြစ် ဇာနည်ထိုက်လို့အမည်ရတဲ့ ဖေ့စ်ဘုတ်ပေ့ချ်က မေ ၁၅ ရက်နေ့မှ တင်ခဲ့တာကိုတွေ့ရပါတယ်။

အဲဒီပို့စ်ထဲမှာ ရွှေဘိုဈေးကြီးကို Gen Z တို့အောင်မြင်စွာ ဒံပေါက်ကျွေးနိုင်ခဲ့တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဓာတ်ပုံ ခုနှစ်ပုံကို ဖော်ပြထားခဲ့ပါတယ်။ ဒီပို့စ်ဟာ Likeလုပ်သူ ရှစ်ရာကျော်နဲ့ ပြန်လည်မျှဝေသူ ခုနစ်ရာနီးပါးရှိခဲ့ပါတယ်။ 

အဲဒီပို့စ်ထဲက ပထမဆုံးပုံဖြစ်တဲ့ မြေပြင်မှာ ပုလင်းတွေကိုချကာ လူငယ်တွေထိုင်နေတဲ့ ဓာတ်ပုံကို Googleမှတစ်ဆင့်ရှာဖွေကြည့်ရာမှာတော့ အဲ့ဒီပုံဟာ မတ်လ ၂၇ရက်က Daily Mailသတင်းဌာနမှာဖော်ပြထားခဲ့တဲ့ပုံဖြစ်နေတာကိုတွေ့ရပါတယ်။ 

Daily Mailရဲ့ ဖော်ပြချက်အရ အဲ့ဒီပုံဟာ ဆန္ဒပြသူတွေက မိုလိုတော့ဗ်ကော့တေးကို ရန်ကုန်မြို့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင့်ဆန္ဒပြစဉ်ပြုလုပ်ခဲ့ကြတဲ့ပုံ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ရွှေဘိုဈေးကြီးကို Gen Z တို့အောင်မြင်စွာ ဒံပေါက်ကျွေးနိုင်ခဲ့တယ်ဆိုတဲ့စာသားဟာလဲ မှားယွင်းနေပါသေးတယ်။ 
 
ဒါ့ကြောင့် ရန်ကုန်မြို့ကဆန္ဒပြလူငယ်တွေရဲ့ ပုံကိုရွှေဘိုစည်ပင်သာယာဈေးမီးရှို့သူတွေအဖြစ်ဖော်ပြထားတာဟာ သတင်းအမှားပဲဖြစ်ပါတယ်။
 
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇာနည်ထိုက်ဆိုတဲ့အမည်နဲ့ဖွင့်ထားတဲ့ ပေ့ချ်စုစုပေါင်း ငါးခုလောက်ရှိပြီးအခု သတင်းမှားကို အဖွဲ့ဝင် ၃သောင်းကျော်ရှိတဲ့ပေ့ချ်က ဖြန့်ခဲ့တာဖြစ်ပါတယ်။

#MizzimaTV​​
#MisinformationBusters
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly