မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၂၁ ရက်၊ ၂၀၂၁)  

21 May 2021
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၂၁ ရက်၊ ၂၀၂၁)  

ကုလသမဂ္ဂ အထွေထွေညီလာခံ အလှည့်ကျ သဘာပတိ Mr. Volkan Bozkir ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေကို လာမယ့် သတင်းပတ် အတွင်း သွားရောက်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေနဲ့လည်း တွေဆုံဖို့ စီစဉ်ထားတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အိမ်တွင်းအကြမ်းဖက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ အပါအဝင် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတိုက်ဖျက်ရေးအတွက် အရင်ကတခါမှမပေးဘူးတဲ့ ငွေကြေးပမာဏ ဒေါ်လာသန်းတထောင် ဘက်ဂျက်ချပေးဖို့ အမေရိကန်ရှေ့နေချုပ် Merrick Garland က လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ ဒီလို တွေ့ဆုံမေးမြန်းခန်းနဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီ ဈေးနှုန်းတွေကို မေလ ၂၁ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly