ကုလအထွေထွေညီလာခံ အလှည့်ကျသဘာပတိ ဒုက္ခသည်တွေနဲ့ တွေ့မည် 

21 May 2021
ကုလအထွေထွေညီလာခံ အလှည့်ကျသဘာပတိ ဒုက္ခသည်တွေနဲ့ တွေ့မည် 

ကုလသမဂ္ဂ အထွေထွေညီလာခံ အလှည့်ကျ သဘာပတိ Mr. Volkan Bozkir ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေကို လာမယ့် သတင်းပတ် အတွင်း သွားရောက်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေနဲ့လည်း တွေဆုံဖို့ စီစဉ်ထားတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။ 

"မေလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သွားရောက်မယ့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်တဲ့အချိန် သူက ကောက်ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်၊ အစ္စလမ်မာဘတ်မှာလည်း ပါကစ္စတန် သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကို တွေ့ဆုံဖို့ မျှော်လင့်ထားပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အထွေထွေညီလာခံရဲ့ အရေးကိစ္စတွေနဲ့ အစီအစဉ်တွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးသွားပါမယ်။” 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly