ကိုဗစ်-၁၉ အစ တရုတ် ဓာတ်ခွဲခန်း ယိုစိမ့်မှုက ဆိုသည့် သုံးသပ်ချက်ကို မငြင်းပယ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား

ကိုဗစ်-၁၉ အစ တရုတ် ဓာတ်ခွဲခန်း ယိုစိမ့်မှုက ဆိုသည့် သုံးသပ်ချက်ကို မငြင်းပယ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား

ကိုရိုနာဗိုင်းရပ်ရောဂါပိုး၏ မူလအစကို ရှင်းလင်းစွာ မသိရသေးသလို ဓာတ်ခွဲခန်းယိုစိမ့်မှုကြောင့် ယင်းရောဂါ ပေါ်ပေါက်လာသည်ဆိုသော အယူအဆသည် မှားယွင်းကြောင်း သက်သေပြနိုင်ရန် တိကျသော အချက်အလက်အခြေခံ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သည်အထိ အထူးသတိပြုကြရန် ထင်ရှားသည့် သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ် နှောင်းပိုင်းက စတင်ပေါ်ပေါက်ခဲ့သည့် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူ ၃ ဒသမ ၃၄ သန်း ရှိနေပြီး ဝင်ငွေ ဆုံးရှုံးမှုတွင် ဒေါ်လာ ထရီလီယံများစွာရှိကာ ဘီလျံနှင့်ချီသော ပြည်သူများ၏ ဘဝကို ကမောက်ကမ ဖြစ်စေခဲ့သည်။

“ကပ်ရောဂါရဲ့ မူလဇစ်မြစ်ကို ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ လိုပါသေးတယ်” ကိန်းဘရစ် တက္ကသိုလ်မှ အဏုဇီဝပညာရှင် ရာဗင်ဒရာ ဂုပတားနှင့် Fred Hutchinson ကင်ဆာသုတေသန စင်တာမှ ဗိုင်းရပ် ဆင့်ကဲဖြစ်စဉ်အား လေ့လာသူ ဂျက်ဆီဘလွန်း အပါအဝင် သိပ္ပံပညာရှင် ၁၈ ဦးက ပြောကြားသည်။

“ဓာတ်ခွဲခန်းကနေ မတော်တဆ လွတ်သွားတာနဲ့ ဖိတ်စင်သွားတယ်ဆိုတဲ့ သုံးသပ်ချက်လောက်ကိုပဲ သိရှိ နိုင်ပါ သေးတယ်” ဟု စတမ်းဖို့ဒ်မှ အဏုဇီဝဘာသာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေးဗစ်ရယ်မန်က Science ဂျာနယ်သို့ ပေးပို့သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်၏ မူလအစကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စုံစမ်းလေ့လာခြင်းသည် ဓာတ်ခွဲခန်းလုပ်ငန်းမှ စတင်ခြင်းဖြစ်နိုင်သည်ဆိုသော ‘မျှတစွာ စဉ်းစားထားသည့် ယူဆချက်’ မထွက်ပေါ်စေနိုင်ကြောင်း စာရေးသူများက ဖော်ပြသည်။

တရုတ်သိပ္ပံပညာရှင်များက ပူးပေါင်း ရေးသားထားသော နောက်ဆုံးထွက်ရှိသည့် အစီရင်ခံစာတွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းက ဝူဟန်မြို့အနီးဝန်းကျင်တွင် သီတင်း ၄ ပတ်ကြာ လေ့လာခဲ့သည့် WHO ဦးဆောင်သည့် အဖွဲ့က ဗိုင်းရပ်သည် လင်းနို့များမှ လူသားများသို့ အခြားတိရစ္ဆာန်မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သောကြောင့် ဓာတ်ခွဲခန်းမှ စိမ့်ထွက်ခြင်းသည် အလွန်ပင်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။

သိုသော် ပူးပေါင်းလျှိူ့ဝှက်ကြံစဉ်မှုများအပါအဝင်ဗိုင်းရပ်စ်၏ မူလနှင့် ပတ်သက်၍ မတူညီသည့် အယူအဆအမျိုးမျိုးရှိနေသည်။ “မိမိတို့အတွက် လုံလောက်တဲ့ အချက်အလက်ရသည်အထိ သဘာဝအပြင် ဓာတ်ခွဲခန်းဖိတ်စင်မှု ကိစ္စတွေကို အချက်အလက်ပေါ် အခြေခံစဉ်းစားရပါမယ်၊ ဉာဏ်အမြှော်အမြင်နဲ့ တိကျပြီး ခံစားမှုမပါတဲ့ စုံစမ်းစစ်ဆေးမှု ပြလုပ်ဖို့ လိုပါတယ်” ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။

“နိုင်ငံအချို့မှ အာရှဆန့်ကျင်ရေး သဘောထားတွေ ယခုအချိန်မှာ ရှိနေတာကြောင့် ကပ်ရောဂါရဲ့အစမှာ တရုတ်ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ဗိုင်းရပ်ကူးစက်မှုအကြောင့် သတင်းဖြန့်တဲ့ ပြည်သူတွေကတော့ ကြီးမားတဲ့ ခံစားချက်တွေနဲ့မကြာခဏ ဖော်ပြနေကြပါတယ်” ဟု ၎င်းတို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly