ထိုင်းနိုင်ငံက ကိုဗစ်ကူးစက်မှုတတိယလှိုင်း 

20 May 2021
ထိုင်းနိုင်ငံက ကိုဗစ်ကူးစက်မှုတတိယလှိုင်း 

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဧပြီလနောက်ပိုင်း ကိုဗစ်ကူးစက်မှုတတိယလှိုင်းနဲ့ရင်ဆိုင်နေရပြီး ပိုးကူးသူ ၃ ဆကျော်တက်လာပါတယ်။ မေလ ၁၇ ရက်နေ့ တရက်ထဲမှာတင် ပိုးကူးသူ တသောင်းဝန်းကျင်တွေ့ရသလို အများစုက အကျဉ်းထောင်ထဲက အကျဉ်းသားတွေ ဖြစ်ပါတယ်။ ခုလိုပိုးကူးစက်မှု တိုးလာနေတဲ့အတွက် လိပ်ကျွန်းလူသတ်မူနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ၂ ယောက် အကျဉ်းကျနေတဲ့ ဘန်ခွမ်အကျဉ်းထောင်မှာလည်း ထောင်ဝင်စာ တွေ့ခွင့်ပိတ်ထားပါတယ်။ ရိုက်တာသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly