တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ တိုက်ခတ်သည့် လေဆင်နှာမောင်းများကြောင့် ၁၀ ဦးထက်မနည်းသေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ တိုက်ခတ်သည့် လေဆင်နှာမောင်းများကြောင့် ၁၀ ဦးထက်မနည်းသေဆုံး

တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းများကြောင့် ၁၀ ဦးထက်မနည်းြ သေဆုံးကာ ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း အာဏာပိုင်များက မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။

တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ကျော် (မိုင် ၆၀ နှုန်း) ဖြင့် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့သို့ မေ ၁၄ ရက်ညတွင် ဝင်ရောက် တိုက်ခတ်ခဲ့ရာ ၅ ဦး သေဆုံး၊ ၂၀၀ ကျော် ဒဏ်ရာရရှိကာ နေအိမ် အလုံး၃၀ ခန့် ပြိုလဲသွားခဲ့သည်။

ပြုတ်ကျလာသော ပစ္စည်းများက မော်တော်ယာဉ်များကို ထိခိုက်ခဲ့ပြီး သစ်ပင်များ အမြစ်လန်ခြင်း၊ အဆောက်အဦများ တစ်ချို့တစ်ဝက်ပျက်စီးခြင်းနှင့် လျှပ်စစ်မီး ဓာတ်တိုင်များ ပြိုလဲကာ နေအိမ် ၂၆၀၀၀ လုံး ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

ရှန်ဟိုင်းမြို့တော်အနီးရှိ ဆူကျိုးမြို့တွင်လည်း တစ်နာရီ ကီလိုမီတာ ၂၀၀ နှုန်းရှိ နောက်ထပ် လေဆင်နှာမောင်းတစ်လုံး တိုက်ခတ်ခဲ့ရာ အပျက်အစီးများ ဖြစ်ပေါ်ခဲ့သလို ၄ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ထားသည်။ မေလအစောပိုင်းကလည်း ရှန်ဟိုင်းမြို့အနီး အခြားမြို့တစ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ၁၁ ဦး သေဆုံးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly