တရုတ်အပေါ် ဘိုင်ဒင်၏ စိုးရိမ်မှုသည် ထရမ့်ထက် နည်းကြောင်း Yum China ၏ အမှုဆောင်အရာရှိ ပြောကြား

By Yahoo Finance
16 May 2021
တရုတ်အပေါ် ဘိုင်ဒင်၏ စိုးရိမ်မှုသည် ထရမ့်ထက် နည်းကြောင်း Yum China ၏ အမှုဆောင်အရာရှိ ပြောကြား

နည်းပညာကဏ္ဍတွင် နှစ်နိုင်ငံပြိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရက စိုးရိမ်မှုများရှိနေသော်လည်း အမေရိကန်ကာကွယ်ရေးဌာနက တရုတ်နည်းပညာကုမ္ပဏီ Xiaomi အား အမေရိကန်၏ နာမည်ပျက်စာရင်းမှ ပယ်ဖျက်၍ ထရမ့်အစိုးရလက်ထက်ဆုံးဖြတ်ချက်ကို ဖြေလျော့ပေးခြင်းဖြစ်ကြောင်း မေလ ၁၂ရက်က တရားရုံး မှတ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘိုင်ဒင်အစိုးရသည် တရုတ်နှင့် ပတ်သက်ပြီး ယခင်အစိုးရ၏ သိသာထင်ရှားသည့် ထိပ်တိုက် ရင်ဆိုင်သောမူဝါဒများကို ဆက်လက်ကျင့်သုံးခဲ့သည်။ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုများ ဆက်လက်ထားရှိပြီး ဝီဂါလူမျိုးစုများအား တရုတ်အစိုးရက အစုလိုက်အပြုံလိုက် ဖမ်းဆီးထားခြင်းကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ထပ်မံသတ်မှတ်လိုက်သည်။

Yum China ၏ အမှုဆောင်အရာရှိချုပ် ဂျိုးရေးဝါ့သ် (YUMC) က ယင်းအချက်များသည် ဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်အပေါ် စိုးရိမ်ပူပန်မှုနည်းပါးကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ (Yum China သည် KFC၊ Pizza Hut နှင့် Taco Bell ကဲ့သို့သော ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင် ၁၁၀ဝဝ နီးပါးကို နိုင်ငံတစ်ဝန်းလုံးတွင် လုပ်ကိုင်နေသည်။)

“အစိုးရအသစ်တက်လာကတည်းက ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အနည်းငယ် သိမ်မွေ့လာတဲ့ အပြောင်းအလဲတစ်ခုက စိုးရိမ်စိတ်လျော့နည်းသွားတာပါပဲ” ဟု ဝါ့သ်က Yahoo Finance ၏ အယ်ဒီတာချုပ်ဖြစ်သူ အင်ဒီဆာဝါကို ပြောကြားခဲ့သည်။

" တစ်ခါတစ်ရံမှာ အမေရိကန်သမ္မတဟောင်းရဲ့ ထုတ်ပြန်ချက်အချို့က အဓိပ္ပါယ်ဖွင့်ဆိုလိုက်ရင် တွေးစရာတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေသလိုမျိုးပါပဲ "

ဆက်သွယ်ပြောဆို လုပ်ဆောင်ချက်တွင် ဘိုင်ဒင်အစိုးရက ရှင်းလင်းပြတ်သားခြင်းသည် ယခင်သမ္မတ ဒေါ်နယ်ထရမ့် ၏ ရံဖန်ရံခါတွင် ရှုပ်ထွေးသောဖော်ပြချက်များထက် တိုးတက်မှုတစ်ခုဖြစ်ကြောင်း ဝါ့သ်က မှတ်ချက်ပြုခဲ့သည်။

ဧပြီလအတွင်း ကွန်ဂရက်သို့ အရေးကြီးမိန့်ခွန်းပြောကြားရာတွင် ဘိုဒင်က တရုတ်၏ စီးပွားရေးစိန်ခေါ်မှုကို ပြောကြားခဲ့ပြီး တရုတ်နှင့် ပတ်သက်၍ ခိုင်မာပြတ်သားစွာ သတိအနေထားဖြင့် ပြောဆိုခဲ့သည်။

"တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဆွေးနွေးတုန်းက ဒီယှဉ်ပြိုင်မှုကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ကျွန်တော်တို့က ပြဿနာရှာနေတာမဟုတ်ပါဘူး" ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

မတ်လအတွင်းက အလက်စကာတွင် အမေရိကန်နှင့် တရုတ်အရာရှိများသည် နှစ်ရက်ကြာကျင်းပခဲ့သော အကြိတ်အနယ်အစည်းအဝေးများက ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် အခြားအကြောင်းအရာများနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား နက်ရှိုင်းစွာ ကွဲပြားမှုကို မီးမောင်းထိုးပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required