စစ်ကောင်စီသက်ဆိုးမရှည်ဖို့ ရေနံမြေအလုပ်သမားတွေ ဘာတွေလုပ်ဆောင်နေလဲ

17 May 2021
စစ်ကောင်စီသက်ဆိုးမရှည်ဖို့ ရေနံမြေအလုပ်သမားတွေ ဘာတွေလုပ်ဆောင်နေလဲ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ် သက်ဆိုးမရှည်နိုင်စေဖို့ MOGE က ဝန်ထမ်း ၅၀ ရာခိုင်နှုန်းခန့် CDM ပြုလုပ်နေကြတဲ့အတွက် လက်ရှိအချိန်မှာ စကစအနေနဲ့ သူတို့အတွက် အဓိက လိုအပ်တဲ့ တပ်လောင်စာဆီနဲ့ လေယာဉ်ဆီ လိုအပ်ချက်ကြောင့် ကြီးမားတဲ့ အခက်အခဲကို ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီအတွက် နောက်ဆုံးဖြေရှင်းနည်းကတော့ MOGE အတွက် ဝန်ထမ်းအသစ် ခန့်အပ်ခြင်းနဲ့ ပုဂ္ဂလိက လက်ယက်ရေနံတွင်းတွေကနေ ရေနံစိမ်း ပြန်လည်ဝယ်ယူခြင်းတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မဇ္ဇျိမက မကွေးတိုင်း ရေနံမြေအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ MOGE မှ CDM အရာရှိတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly