မလေးရှားတွင် အရက်သောက်နိုင်ခွင့် အသက် တိုးမြင့်ရန် စီစဉ်

မလေးရှားတွင် အရက်သောက်နိုင်ခွင့် အသက် တိုးမြင့်ရန် စီစဉ်

မလေးရှားနိုင်ငံက အရက်သေစာသောက်သုံးနိုင်ခွင့် အသက်အား ၁၈ နှစ်မှ ၂၁ သို့ တိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း WTO သို့ ဒီဇင်ဘာ ၁ ရက်က စာပို့ခဲ့သည်။

အသက်ကန့်သတ်ချက် အပြောင်းအလဲကို မည်သည့်အချိန်တွင် စတင်မည်ကို မပြောထားသော်လည်း အရွယ်မရောက်သေးပဲ အရက်သောက်ခြင်းများအား တားဆီးနိုင်ရန်နှင့် အရက်ရောင်းချခြင်းကို ကန့်သတ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုပြင် အရက်ပုလင်းများတွင်လည်း ကျန်းမာရေးအပေါ်သက်ရောက်မှုများကို သတိပေးဖော်ပြသွားရန်လည်း စီစဉ်ထားကြောင်း ဆိုသည်။

မလေးရှားနိုင်ငံသည် မွတ်စလင်နိုင်ငံတစ်နိုင်ဖြစ်သော်လည်း Carlsberg Brewery Malaysia Bhd အရက်ကုမ္ပဏီ ရှိနေပြီး ၎င်းကုမ္ပဏီက အမြတ်ငွေ ၁၁ ရာခိုင်နှုန်း တိုးလာကြောင်းလည်း နိုဝင်ဘာ ၃၀ ရက်က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတွင် လူဦးရေ သန်း ၃၀ နီးပါးရှိရာတွင် ခန့်မှန်း ၃ ဒသမ ၅ သန်းက အရက်သောက်သုံးကြကြောင်း Confederation of Malaysian Brewers Berhad အဖွဲ့က ထုတ်ပြန်ထားသည်။

အာရှတွင် အရက်အခွန်အကောက် အမြင့်ဆုံး ကောက်သည့် နိုင်ငံများတွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အရက်သောက်သုံးမှုက လျော့နည်းခြင်းမရှိပေ။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly