ရန်ကုန် ကုန်ဈေးတန်းလမ်းတွင်မီးလောင်မှုဖြစ်ပွား 

ရန်ကုန် ကုန်ဈေးတန်းလမ်းတွင်မီးလောင်မှုဖြစ်ပွား 
ဓာတ်ပုံ- Ko Energy

မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ ကုန်ဈေးတန်းလမ်း(အလယ်ဘလောက်)တွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ် ခန့်က လောင်မှုဖြစ်ပွားကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

ကုန်‌ဈေးတန်းလမ်း စီဘီဘဏ် (CB Bank) အနားတွင်မီးလောင်မှုဖြစ်ပွားကြောင်း ယင်းမြို့နယ်နေထိုင်သူတစ်ဦးထံမှသိရသည်။

 မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းအားမသိရှိရ‌သေးသော်လည်း ၁၁ နာရီ ၂၅ မိနစ် ခန့်တွင် ကျောက်တားမြို့နယ်မီးသတ်စခန်းမှ Level 1 မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ- Ko Energy
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly