မြန်မာလက်ရွေးစင်ကစားသမား တစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

16 May 2021
မြန်မာလက်ရွေးစင်ကစားသမား တစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

မြန်မာနေရှင်နယ်လိဂ် စစ်ကိုင်းယူနိုက်တက်အသင်းရဲ့ကစားသမား ကိုဇွန်မိုးအောင် က စစ်အာဏာသိမ်းလက်ထက်မှာ ဘောလုံးကစားခြင်းမျိုး မပြုလုပ်ကြောင်း နှင့် ဂျပန်နိုင်ငံကိုသွားရောက်ယှဉ်ပြိုင်တာလည်း ကစားသမားရဲ့ ကိုယ့်ခံယူချက် ပါဟု မဇိဈမ သတင်းဌာနကို ဖြေကြားခဲ့သည်။ 

မြန်မာလက်ရွေးစင် အသင်းဟာ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား (ကာတာ) ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲများကို ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(F)ကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့တာပါ။ 

လက်ရွေးစင်အသင်းက ခြေစစ်ပွဲများအား ၂၀၁၉ ခုနှစ်မှ စတင်ကာ ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် အုပ်စုပွဲ (၅)ပွဲ ကစားထား ခဲ့ပြီးဖြစ်ပါသည်။

လက်ရှိ အဆင့်(၄)နေရာတွင် ရောက်ရှိနေပြီး ဂျပန်၊ ကာဂျစ်စ္စတန်၊ တာဂျီကစ္စတန် အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရန် ကျန်ရှိနေတာပါ။ အဆိုပါ လက်ကျန် ၃ ပွဲအား ဂျပန်နိုင်ငံ တွင် မေလ ၂၈ ရက်မှ ဇွန်လ ၁၅ ရက်အထိ သွားရောက် ကစားရမည် ဖြစ်ကြောင်းသိရပါတယ်။ 

 မြန်မာအသင်း အနေဖြင့် ၂၀၀၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို နုတ်ထွက်ခဲ့သဖြင့် ၂၀၀၆ ပြိုင်ပွဲများအထိ ပွဲပယ်ခံခဲ့ရသလို ငွေဒဏ်လည်း ချမှတ်ခံခဲ့ရကြောင်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required