ဩစတြေးလျအား ပဲ့ထိန်းဒုံးကျည်ဖြင့် လက်စားခြေတိုက်ခိုက်မည်ဟု တရုတ် ခြိမ်းခြောက်

By The Australian Times
15 May 2021
ဩစတြေးလျအား ပဲ့ထိန်းဒုံးကျည်ဖြင့် လက်စားခြေတိုက်ခိုက်မည်ဟု တရုတ် ခြိမ်းခြောက်

ထိုင်ဝမ်ကို ကျူးကျော်သောကြောင့် ဩစတြေးလျအား ပဲ့ထိန်းဒုံးကျည်ဖြင့် လက်စားခြေတိုက်ခိုက်မည်ဟု တရုတ်အစိုးရက ခြိမ်းခြောက်လိုက်ကြောင်း Curtin University မှ ပါမောက္ခဂျိုးဆီရာကူစာက ပြောကြားသည်။

Global Times သတင်းစာ ဆောင်းပါးကို ကိုးကားလျှက် ဆီရာကူစာက တရုတ်က တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခြင်း၏ နောက်ဆက်တွဲကို ၎င်းတို့ ကြုံတွေ့ရမည်ဟု ပြောကြားသည်။

“ဒီလို ခြိမ်းခြောက်တာဟာ သူတို့အနေနဲ့ သံတမန်ဆိုင်ရာ ကြီးလေးတဲ့ အမှားအယွင်းတစ်ရပ်ကို ကျူးလွန်ခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဩစတြေးလျအစိုးရအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်သံအမတ်ကြီးကို ခေါ်ယူကာ မေးမြန်းသွားမည်ဖြစ်ကြောင်းနှင့် မှန်ကန်မှုမရှိကြောင်း ပြောဆိုစေမည်ဖြစ်ကာ ၎င်းအနေဖြင့် မလုပ်ဆောင်ပါက နိုင်ငံတွင်းမှ နှင်ထုတ်သွားမည်ဟု ဆီရာကူစာက ပြောကြားသည်။

“သူများနိုင်ငံကို ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ရင် သံအမတ်ကို သူ့နိုင်ငံပြန်ပို့ရမှာမို့ ဒီကိစ္စက အရေးကြီးတဲ့ အချက်ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly