အနောက်နိုင်ငံများက ဖွင့်ပေးချိန်တွင် တရုတ်က ကိုဗစ်ဆိုင်ရာ ပိတ်ဆို့မှုများကို ပြုလုပ်

အနောက်နိုင်ငံများက ဖွင့်ပေးချိန်တွင် တရုတ်က ကိုဗစ်ဆိုင်ရာ ပိတ်ဆို့မှုများကို ပြုလုပ်

တရုတ်နိုင်ငံ၏ တင်းကျပ်သော နယ်နိမိတ်ထိန်းချုပ်မှုနှင့် ကျန်းမာရေးစစ်ဆေးသည့် စနစ်ကို တရုတ်၏ ကိုဗစ်ကာကွယ်ရေးစနစ်သစ် ဖြစ်လာသည်။

ဝူဟန်မြို့တွင် ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာခဲ့ပြီး တရုတ်က ကူးစက်ရောဂါကို အကြီးအကျယ် တိုက်ထုတ်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန်အတွက် ပြည်နယ်နှင့် မြို့များအားလုံးကို ကာကွယ်ရန် ၂၀၂၀ ပြည့်နှစ် နွေရာသီမတိုင်မီတွင် ကာကွယ်စစ်ဆေးရေး အစီအစဉ်များကို အလျင်အမြန် အကောင်ထည်ဖော်ခဲ့သည်။

အနောက်နိုင်ငံများတွင် ကာကွယ်ဆေးထိုးမှုကြောင့် ရောဂါဖြစ်ပွားမှုနှုန်းများ ကျဆင်းလာသလို နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများအား ပြန်လည်ဝင်ခွင့်ပေးမည့် ဖြေလျော့မှုများပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်က ယင်း၏ ကာကွယ်ရေးအစီအစဉ်များကို ပိုမိုတင်းကျပ်လိုက်သည်။

တရုတ်နှင့် အနောက်နိုင်ငံတို့၏ ချည်းကပ်ပုံ ကွဲပြားခြားနားမှုမှာ ရှင်းလင်းမြင်သာပြီး တရုတ်၏ ကျန်းမာရေးနှင့် နယ်စပ်ကာကွယ်စောင့်ရှောက်မှုအတွက် တာဝန်ယူသော ဝန်ကြီးဌာနများသည် နယ်စပ်မြို့များ၊ လေဆိပ်များနှင့် စစ်ဆေးရေးဂိတ်များသို့ “နောက်ပြန်စီးဆင်းမှု” ဟု ခေါ်သော ဗိုင်းရပ်စ်ပြန်လည်ဝင်ရောက်လာမှုများကို အရှိန်မြင့် ကာကွယ်ရန်အတွက် နောက်ဆုံး ညွှန်ကြားချက်များပေးပို့ခြင်းဖြင့် အလျင်အမြန်ဆောင်ရွက်နေသည်။

တစ်ချိန်တည်းမှာပင် အတ္တလန်တိတ်ကို ဖြတ်ကျော်ပြီး ခရီးသွားခြင်းနှင့် အပြန်အလှန်သွားလာခြင်းတို့အတွက် ရောဂါဆေးစစ်မှုနှင့် ကာကွယ်ဆေးထိုးခြင်းကို အပြန်အလှန်အသိအမှတ်ပြုခြင်းနှင့် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံသည့် နိုင်ငံကူးလက်မှတ်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ ကောင်းမွန်လာခြင်းတို့ကို အနောက်နိုင်ငံများက လက်ခံနေချိန်တွင် ရောဂါကူးစက်မှုသည် အာရှဘက်သို့ရွှေ့လာနေပြီး အထူးသဖြင့် အိန္ဒိယသို့ ဖြစ်သည်။

နှိုင်းယှဉ်ကြည့်ပါက တရုတ်အစိုးရသည် ခရီးသွားလုပ်ငန်းတစ်ခုလုံးကို မဖွင့်မီအချိန်ယူခဲ့သည်။ နယ်နိမိတ်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး နိုင်ငံခြားသားရောက်ရှိမှုများကို များစွာကန့်သတ်ချုပ်ချယ်ထားသော်လည်း တရုတ်စီးပွားရေးမှာ ပြန်လည်အခြေကျလာပြီး ပထမသုံးလပတ်တွင် နှစ်စဉ်တိုးတက်မှုနှုန်း ၁၈ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ကာ အဓိက ကိန်းဂဏန်းများသည် ကိုဗစ်ရောဂါ မတိုင်မီအဆင့်အထိပြန်လည်မြင့်တက်ခဲ့သည်။

စာရင်းအင်းများအရ ခရီးသွားလုပ်ငန်းနှင့် အစားအသောက်နှင့် နေရာထိုင်ခင်းအပါအဝင် စားသုံးမှုနှင့် ဆက်စပ်သောစက်မှုလုပ်ငန်းများသည် ၂၀၁၉ ခုနှစ်တွင် တရုတ်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) ၏ ၁၁ ရာခိုင်နှုန်း သို့မဟုတ် ယွမ် ၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ဒသမ ၅၆ ထရီလီယံ) ထိ ရောက်ရှိခဲ့ရာ ပြည်တွင်းခရီးသွားလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly