တရုတ်သို့ လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသည်များ ရှီယန်းနှင့် ရှောင်လင်ဘုရားကျောင်းတို့တွင် မေဒေးအားလပ်ရက်အတွင်း ဆိုးရွားစွာ ပြုမူလည်ပတ်

တရုတ်သို့ လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသည်များ ရှီယန်းနှင့် ရှောင်လင်ဘုရားကျောင်းတို့တွင် မေဒေးအားလပ်ရက်အတွင်း ဆိုးရွားစွာ ပြုမူလည်ပတ်

တရုတ်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် မေဒေးအားလပ်ရက်အတွင်း ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီက အခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ဧည့်သည်များက ဆိုးရွားသည့် စရိုက်များဖြင့် ပြုမူခဲ့သည်။

တရုတ်ပြည်မကြီးအနှံ့ရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်သည့် နေရာများတွင် စိတ်ပျက်ဖွယ်စရိုက်များရှိခဲ့ရာ တွင် ရှေးဟောင်းနံရံများပေါ်သို့ တက်ခြင်း၊ ရာစုနှစ်များစွာ သက်တမ်းရှိ ရှေးဟောင်း လက်ရာများပေါ်တွင် အရုပ်ရေးဆွဲခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

အများပြည်သူ ရုံးပိတ်ရက် ၅ ရက်အတွင်း ခရီးစဉ်ပေါင်း သန်း ၂၃၀ ရှိခဲ့သည်ဟု အစိုးရက မှတ်တမ်းပြုစုခဲ့ပြီး ယင်းအရေအတွက်သည် ၂၀၁၉ ခုနှစ် နှိုင်းယှဉ်ပါက ၁၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တာရာကိုတာ စစ်တပ်ကြီးကြောင့် နာမည်ကြီးသည့် ရှေးဟောင်းမြို့တော် ကျီယန်တွင် ခရီးသွားဧည့်သည်အချို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ကျော်က တည်ဆောက်ခဲ့သည့် မြို့တံတိုင်းများပေါ်သို့ တက်သည်ကို ဗီဒီယိုများတွင် တွေ့ခဲ့ရပြီး အုတ်နံရံများ ပြိုကျခဲ့ကြောင်း China Youth Daily သတင်းစာက ဖော်ပြသည်။

ယခုသီတင်းပတ်အတွင်းက ထွက်ပေါ်လာသည့် ဗီဒီယိုတွင်လည်း လူငယ်အချို့သည် ကျီယန်မြို့အပြင်ဖက် တံတိုင်းသို့ တက်ကာ ဓာတ်ပုံရိုက်ကြသလို အချို့သည်လည်း ကလေးများကို အပျက်အစီးများပေါ်တွင် ကစားစေရန် တိုက်တွန်းနေသည့် ပုံများကို တွေ့ရသည်။

ဧည့်သည်လာရောက်လည်ပတ်သည့် နေရာတွင် ဝန်ဆောင်မှုပေးသောဌာနအနေဖြင့် ခရီးသွားကာလတစ်ခု ပြီးဆုံးတိုင်း ပြန်လည်ပြုပြင်ရသည်မှာ ထုံးစံ ဖြစ်နေကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

တန်မင်းဆက် (၆၁၈-၉၀၇ ခုနှစ်) ပြိုလဲပြီးနောက် တည်ထောင်ခဲ့သည့် မင်မင်းဆက် (၁၃၆၈-၁၆၄၄ ခုနှစ်) ကာလအစောပိုင်းတွင် တည်ဆောက်ခဲ့သည့် အဆိုပါ တံတိုင်းသည် စုစုပေါင်း အရှည် ၁၃ ဒသမ ၇ ကီလိုမီတာ ရှိသောကြောင့် နေရာတိုင်းတွင် ဝန်ထမ်းတစ်ဦးစီက အချိန်တိုင်း စောင့်ကြည့်ရန် မဖြစ်နိုင်ဟု ယင်းအလုပ်သမားက ပြောသည်။

ကမ္ဘာလှည့်ခရီးသည်အများအပြား သွားရောက်လည်ပတ်သည့် ဟေနန်ပြည်နယ်မှ ဇင်ဗုဒ္ဓဘာသာ ရှောင်လင် ဘုန်းတော်ကြီးကျောင်းတွင် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးက ရှေးဟောင်း

လက်မှုပစ္စည်းတစ်ခုပေါ်တွင် ပုံဆွဲသည့် ဗီဒီယိုမှတ်တမ်းလည်း ထွက်ပေါ်ခဲ့သည်။ အဆိုပါ လက်မှုပစ္စည်းသည် နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည်။ ကျောင်းအနီးရှိ ဝါးပင်များပေါ်တွင်လည်း ဂရက်ဖစ်တီ ပုံများကို ဖန်တီးခဲ့ကြသည်။

အရွယ်ရောက်သူအချို့က ဝါးပင်ပေါ်သို့ တွယ်တက်သလို ၎င်းတို့နှင့် ပါလာသည့် ကလေးများကိုလည်း ထိုကဲ့သို့ လုပ်ရန် တိုက်တွန်းသည့် မှတ်တမ်း ဗီဒီယိုလည်း ထွက်ပေါ်ခဲ့သည်။

ခရီးသည်များ လာရောက်သည့် နေရာများမှ မန်နေဂျာများအနေဖြင့် ယဉ်ကျေးမှု မရှိသည့် ကမ္ဘာလှည့်ခရီးသည်များကို ထိန်းသိမ်းကြပ်မတ်မှုများ တိုးမြှင့် လုပ်ဆောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required