ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးတွင် အိန္ဒိယကို အကူအညီအပေးရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲ အလေးထားပြောကြား

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးတွင် အိန္ဒိယကို အကူအညီအပေးရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲ အလေးထားပြောကြား
Photo: EPA

အိန္ဒိယကာကွယ်ရေးဝန်ကြီး ဒေါက်တာ အာဂျေးကုမားနှင့် တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန မူဝါဒရေးရာအကြီးအကဲ ဒေါက်တာကော်လင်အိတ်ချ်ခယ်က အိန္ဒိယအနေဖြင့် လိုအပ်နေသည့်အချိန်တွင် အမေရိကန်က ဆက်လက် လက်တွဲရပ်တည်သွားမည်ဟု ပင်တဂွန်စစ်ဌာနချုပ် သတင်းထုတ်ပြန်ရေး ဒုတိယခေါင်းဆောင် ဂျာမယ်ဘရောင်းက အစည်းအဝေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ ဒုတိယလှိုင်းကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဝန်ထမ်းများအတွက် လိုအပ်သည့် အကူအညီအားလုံးပေးသွားရန် လုပ်ဆောင်နေကြောင်းလည်း ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်အော်စတင်က ပြောကြားသည်။

လွန်ခဲ့သော ရက်များအတွင်း အမေရိကန်က အိန္ဒိယသို့ ကျန်းမာရေး စောင့်ရှောက်ရေးပစ္စည်း တန်ချိန်အချို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။

“အိနိ္ဒယက မိတ်ဆွေတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပတ်သက်လို့ စကားလုံး တစ်လုံးတည်း ပြောချင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဝန်ထမ်းတွေကို ပံ့ပိုးကူညီဖို့ အမြန်ဆုံးကြိုးစားနေပါတယ်။ အမေရိကန်လေတပ်က C-5M Super Galaxies လေယာဉ် ၃ စင်း၊ C-17 Globemaster 3 တစ်စင်းတို့နဲ့ အရေးကြီးတဲ့ ဆေးဝါးပစ္စည်းတွေ ပို့ပြီးပါပြီ” ဟု မေ ၆ ရက်က ပင်တဂွန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ အော်စတင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly