မန္တလေးမြို့က ထောက်ခံချက်မရှိသည့် ရေသန့် ၉ မျိုးအား လုပ်ငန်းပိတ်သိမ်း

မန္တလေးမြို့က ထောက်ခံချက်မရှိသည့် ရေသန့် ၉ မျိုးအား လုပ်ငန်းပိတ်သိမ်း

မန္တလေး၊ ဒီဇင်ဘာ ၁ ။          ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေသန့်ထုတ်လုပ်နေသည့် လုပ်ငန်းများ မှထုတ်လုပ်လျှက်ရှိသည့် သောက်ရေသန့် နမူနာများကို ရယူ စစ်ဆေး ခဲ့ရာ ထောက်ခံချက်မရရှိဘဲ ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များကို ဒီဇင်ဘာလ၁-ရက်နေ့ကစ၍ လုပ်ငန်းပိတ်သိမ်းလိုက်ပြီဖြစ်ကြာင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၉) ဒေါက်တာ သွင်ကျော်ကျော်မှ မဇ္ဈိမ ကိုပြောသည်။

စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကုန်သွယ်မှုမြင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် အစားအသောက် နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲ ရေးကော်မတီတို့ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“မဟာအောင်မြေ၊ပြည်ကြီးတံခွန်၊အောင်မြေသာစံမြို့နယ်တွေမှာ သောက်ရေသန့်နမူနာယူပြီး စစ်ဆေးခဲ့တယ်။အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌနက ထောက်ခံချက်ရမထားဘူး။ အဲဒီလုပ်ငန်း လုပ်တာကို ပိတ်သိမ်းလိုက်တယ်။”ဟု ၎င်းကပြောသည်။

လုပ်ငန်းပိတ်သိမ်းလိုက်သည့် သောက်ရေသန့်လုပ်ငန်းများ နှင့် အမှတ်တံဆိပ်များမှာ Dragon ၊ Shawe Myanmar  ၊ Skyline ၊ Clean ၊ Good Luck ၊ ဧရာဦး၊ နဒီရေသန့်၊ ဆန္ဒပြည့်၊ လမင်းသာ၊ တို့ဖြစ်ကြောင်းသိရသည်။

“ကျန်းမာရေးအတွက် သောက်ရေသန့်က အရေးကြီးတယ်လေ။ တချို့ရေသန့်ဆိုပြီး ရောင်းနေကြ တာကို သောက်တဲ့သူတွေကတော့ ယုံယုံကြည်ပါ။ ထုတ်လုပ်တဲ့သူတွေဘက်က မလိမ်ညာဘဲ တကယ့်အစစ်အမှန်ကို ရောင်းသင့်တယ်။”ဟု မြို့ခံတစ်ဦးကပြောသည်။

ယင်းကဲ့သို့ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးထောက်ခံချက်မရှိဘဲ ကောင်းမွန်သည့် ထုတ်လုပ်မှု နှင့်အညီ ဆောင်ရွက်ခြင်းမရှိသောကြောင့် မြို့တော်စည်ပင်မှ ၂၀၁၅-ဒီဇင်ဘာ ၁-ရက်မှ စတင်ကာ လုပ်ငန်းပိတ်သိမ်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly