တရုတ်က အခြားနိုင်ငံတစ်ခု၏ ပိုင်နက်နယ်မြေအတွင်း ကျေးရွာများ တည်ဆောက်နေ

တရုတ်က အခြားနိုင်ငံတစ်ခု၏ ပိုင်နက်နယ်မြေအတွင်း ကျေးရွာများ တည်ဆောက်နေ

၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) ၏ တောင်ဘက်၌ တိဘက်လို ဂွါလက်ဟက် သို့မဟုတ် တရုတ်ဘာသာဖြင့် ကျဲလျှိုပုဟုခေါ်သော ရွာသစ်တစ်ရွာ တည်ထောင်ခဲ့သည်ဟု တရုတ်က ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဧပြီလတွင် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကွန်မြူနစ်ပါတီအတွင်းရေးမှူး ဝူယင်ကျဲသည် ကျေးရွာသစ်သို့ သွားရောက်ရန် အမြင့်ပေ ၁၄၀ဝဝ ကျော်သော ဖြတ်လမ်းနှစ်လမ်းကို ဖြတ်သန်းခဲ့သည်။

ယင်းနေရာတွင် နေထိုင်သည့် တိဘက်လူမျိုးအားလုံးကို သူက “ နှင်းတွေရဲ့ နယ်စပ်ဒေသမှာရှိတဲ့ Kalsang ပန်း(ဒေစီပန်းတစ်မျိုး) (တိဘက်လွတ်မြောက်မှုသင်္ကေ)၏ အမြစ်ကဲ့သို့ အမြစ်များကို ချထား” ရန်နှင့်“ တောက်ပသော ကြယ်ငါးပွင့်ကို မြှင့်တင်ရန် (တရုတ်နိုင်ငံတော်အလံ)” ဒေသခံများကို ပြောကြားခဲ့သည်။

အလည်သွားသည့် သတင်းကို ဒေသခံရုပ်သံလိုင်းများမှ ထုတ်လွှင့်ခဲ့ပြီး တိဘက်သတင်းစာများ၏ မျက်နှာဖုံးများတွင် ဖော်ပြခဲ့သည်။ တိဘက်၌ ကျေးရွာသစ်ပေါင်းရာနှင့်ချီ တည်ဆောက်နေသည့် သတင်းမှာ သိပ်တော့ ထူးခြားပုံမရသဖြင့် တရုတ်နိုင်ငံပြင်ပတွင် ယင်းသတင်းကို မဖော်ပြခဲ့ပေ။

သို့သော် ဂွါလက်ဟက်ကတော့ ဘူတန်နိုင်ငံတွင်း တည်ရှိပြီး ဝူနှင့် နောက်တော်ပါ အရာရှိများ၊ ရဲများနှင့် စာနယ်ဇင်းသမားများသည် နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ယင်း ဒေသသည် ၂၃၂ စတုရန်းမိုင် ကျယ်ဝန်းပြီး ၁၉၈၀ ပြည့်နှစ်များအစောပိုင်းကတည်းက တရုတ်က တောင်းဆိုခဲ့သော်လည်း နိုင်ငံတကာကမူ ဘူတန်နိုင်ငံအတွင်းရှိ မြောက်ပိုင်း လန့်ဆဲခရိုင်၏ အစိတ်အပိုင်းအဖြစ် နားလည်ထားသည်။

တရုတ်အာဏာပိုင်များက သူတို့၏အောင်မြင်မှုများကို ပွဲခံရန် လှည့်လည်သွားလာခြင်းကို ကမ္ဘာ့နိုင်ငံများက သတိမပြုမိသော်လည်း အခြေချနေထိုင်ခွင့် ပေးခြင်း၊ လုံခြုံရေးဝန်ထမ်းများနေရာချခြင်းနှင့် စစ်ရေးအခြေခံအဆောက်အဦများတည်ဆောက်ခြင်းများကို နိုင်ငံတကာနှင့် သမိုင်းကြောင်းတို့အရ အသိအမှတ်ပြုထားသည့် ဘူတန်နိုင်ငံပိုင် နယ်မြေတွင် ပြုလုပ်နေသည်။

ယင်းစီမံကိန်းအကြောင်းနှင့် ပတ်သက်ပြီး သတင်းနှင့်မြေပုံများအတွက် သုတေသနကို ရောဘတ် ဘာနက်၊ မက်သရူး အက်ခ်စတာ၊ ရော်နယ် စွတ်ချ်ဝါံဇ် နှင့်အမည်မဖော်လိုသ ူတိဘက်သုတေသီနှစ်ဦး တို့က ရေးသားခဲ့သည်။

တရားဝင်တရုတ်သတင်းမီဒီယာများ၊ တရုတ်ဘလော့များ၊ ဘူတန်အမျိုးသားညီလာခံအစီရင်ခံစာများ၊ အိန္ဒိယမီဒီယာသတင်းများနှင့် OpenStreetMap နှင့် Map With AI တို့ကို အသုံးပြု၍ တိဘက်ပေါ်လစီဆိုင်ရာတိုးတက်မှုများနှင့်ပတ်သက်သည့် ပူးပေါင်းသုတေသနပြုလုပ်သော သုတေသနစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထုတ်ဝေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required