တရုတ်သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကို လက်နက်အဖြစ် အသုံးပြုရန် ၂၀၁၅ က ဆွေးနွေးခဲ့ကြ

တရုတ်သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကို လက်နက်အဖြစ် အသုံးပြုရန် ၂၀၁၅ က ဆွေးနွေးခဲ့ကြ

တရုတ်သိပ္ပံပညာရှင်များနှင့် ကျန်းမာရေးအရာရှိများက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါမဖြစ်ပွားမီက ၂၀၁၅ ခုနှစ်က ရေးသားခဲ့သည့် စာတမ်းတစ်စောင်တွင် SARS ကိုရိုနာဗိုင်းရပ်စ်များသည် “မျိုးရိုးဗီဇလက်နက်များအတွက် ခေတ်သစ်” ဖြစ်ကြောင်းဖော်ပြပြီး လူဖန်တီးထားသည့် ဗိုင်းရပ်စ်မှ လူလူချင်း ကူးစက်သည့် ဗိုင်းရပ်စ်ဖြစ်လာနိုင်ခြင်းကြောင့် လက်နက်အဖြစ်အသုံးပြုပြီး ပျံ့နှံ့အောင်လုပ်နိုင်ကြောင်း ရေးသားထားသည်ဟု Weekend Australian က သတင်းဖော်ပြခဲ့သည်။

ANI သတင်းအေဂျင်စီ၏ အဆိုအရ “SARS ၏ သဘာဝမဟုတ်သောမူလအစနှင့် လူလုပ်ဗိုင်းရပ်စ်အသစ်များကို မျိုးဗီဇဆိုင်ရာဇီဝလက်နက်များအသုံးချခြင်း” ဟု အဆိုပါစာတမ်းကို အမည်ပေးထားပြီး တတိယကမ္ဘာစစ်တွင် ဇီဝလက်နက်များဖြင့် တိုက်ခိုက်လိမ့်မည်ဟု ဆိုထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ၅ နှစ်ခန့်ကတည်းက တရုတ်စစ်တပ်သိပ္ပံပညာရှင်များသည် SARS ကိုရိုနာဗိုင်းရပ်စ်ကို လက်နက်အဖြင့် အသုံးပြုမည့်အကြောင်းဆွေးနွေးခဲ့ကြောင်း အဆိုပါစာတမ်းက ဆိုသည်။ Weekend Australian မှ အဆိုပါစာတမ်းကို news.com.au တွင် ဖော်ပြခဲ့သည်။

သြစတြေးလျမဟာဗျူဟာဆိုင်ရာ မူဝါဒအင်စတီကျူ(ASPI) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ပီတာဂျင်နင်းက News.com.au သို့ ပြောကြားရာတွင် အဆိုပါစာတမ်းသည် ကျွန်ုပ်တို့ရရှိသမျှထဲမှာ “ သဲလွန်စ” ဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။

“တရုတ်သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအမျိုးမျိုးကို စစ်ရေးအတွက် အသုံးချပြီး ဘယ်လိုဖြန့်ဝေမယ်ဆိုတာကိုပါ စဉ်းစားနေကြောင်းရှင်းရှင်းလင်းလင်းဖော်ပြနေလို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျင်နင်းက ဆိုသည်။

''စစ်ရေးအတွက် အသုံးပြုတဲ့ရောဂါဖြစ်စေနိုင်တဲ့ ပစ္စည်းကို မတော်တဆလွှတ်ပေးလိုက်မိတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို စတင်ပြီး ခိုင်မာအောင်လုပ်နေပါတယ်” ဟု ဂျင်နင်းက ဆိုသည်။

တရုတ်က ကိုဗစ်၏ မူလရင်းမြစ်နှင့် ပတ်သက်၍ ပြင်ပစုံစမ်းမှုများအတွက် အဘယ်ကြောင့် တရုတ်က ဤမျှတွန့်ဆုတ်နေရကြောင်းကို ယင်းစာတမ်းက ရှင်းပြနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

news.com.au တွင် ဖော်ပြထားသော ဆောင်းပါးအရ စာတမ်းရေးသားသူ ၁၈ ဦး တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ သိပ္ပံပညာရှင်များနှင့် လက်နက်ကျွမ်းကျင်သူများပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly