ဒေါ်အောင်ဆန်းစုကြည်ကို မေ၂၄ လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးမည်  

11 May 2021
ဒေါ်အောင်ဆန်းစုကြည်ကို မေ၂၄ လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးမည်  

အမှု ၆ မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၄ ရက်နေ့ ရုံးချိန်ကျရင် အွန်လိုင်းကတဆင့် မဟုတ်ဘဲ တရားခွင်မှာ လူကိုယ်တိုင် ရုံးထုတ်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ညွှန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နေတဲ့အိမ်နားမှာ အမှုစစ်ဆေးနိုင်မယ့် အထူးနေရာတခု ပြင်ဆင်ရမယ်လို့ တရားသူကြီးက တနင်္လာနေ့မှာ အမိန့်ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။  ဒါပေမဲ့ သူရင်ဆိုင်နေရတဲ့ အမှုတွေနဲ့ပတ်သက်လို့ အကျိုးဆောင်အဖွဲ့နဲ့ ခုထိတေ့ွဆုံ တိုင်ပင်ဆွေးနွေးခွင့် မရသေးဘူးလို့လည်း ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ဆက်သွယ်ရေးဥပဒေ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်အောင်လှုံဆော်မှုဥပဒေတို့အပြင် သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာပါ။ ရန်ကုန်မှာတော့ အစိုးရလျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုစွဲချက်နဲ့ရင်ဆိုင်နေရပါတယ်။ တနင်္လာနေ့တုန်းက နေပြည်တော်မှာ အမှုကြားနာပွဲကို Video conferencing နဲ့ အွန်လိုင်းကနေ လုပ်ခဲ့တာပါ။ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း အွန်လိုင်းပေါ်ကနေ ရုံးထုတ်ခဲ့ပါတယ်။ သူတို့ အားလုံး ကျန်းကျန်းမာမာရှိပုံရတယ်လို့လည်း ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။    

ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ DVB သတင်းထောက်သုံးဦးအပါအဝင် မြန်မာငါးဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ကိုဗစ်ကပ်ရောဂါစည်းကမ်းဖောက်ဖျက်မှုတွေနဲ့ ထိုင်းအာဏာပိုင်တွေက မနေ့ မနက်ပိုင်း ဖမ်းဆီးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly