ဂျေရုဆလင် ပြန်တည်ငြိမ်အောင် လုပ်ဆောင်မယ်လို့ အစ္စ‌ရေး စိတ်ပိုင်းဖြတ် ပြောဆို 

ဂျေရုဆလင် ပြန်တည်ငြိမ်အောင် လုပ်ဆောင်မယ်လို့ အစ္စ‌ရေး စိတ်ပိုင်းဖြတ် ပြောဆို 
Photo - AFP

မေ ၁၀

မြေယာအငြင်းပွားမှုတစ်ရပ်အပေါ် အထူတရားရုံး ကြားနာမှုအား ရွှေ့ဆိုင်းလိုက်ပြီးနောက် ပြီးခဲ့တဲ့ စနေမှာ အစ္စရေး လုံခြုံရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပါလက်စတိုင်း ဆန္ဒပြသူ ရာနဲ့ချီ ထိခိုက်ဒဏ်ရာရပြီးနောက်မှာတော့ ဂျေရုဆလင်မှာ တရားဥပဒေစိုးမိုး ပြန်တည်ငြိမ်ရေးအတွက် အစ္စရေးဟာ တနင်္ဂနွေနေ့မှာ စိတ်ပိုင်းဖြတ် ပြောဆိုလာပါတယ်။ 

အထွဋ်အမြတ်ထားရာ Al-Aqsa ဗလီဝန်းကျင်မှာ ဆူပူအကြမ်းဖက်မှုတွေ သုံးလေးညထက်မနည်း ဖြစ်ပွားနေတာဟာ ၂၀၁၇ နောက်ပိုင်းမှာ အဆိုးဆုံး အခြေအနေပဲ ဖြစ်ပါတယ်။ အစ္စရေး ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလင်က ပါလက်စတိုင်းအိမ်တွေအနီးမှာ ဂျူးအခြေစိုက်အိမ်ရာတွေ တည်ဆောက်တာအတွက် တစ်နှစ်ကြာ အငြင်းပွားမှုဟာ အခြေအနေဆိုးဆီ တွန်းပို့လျက် ရှိနေတာပါ။ 

တနင်္ဂနေ့နှောင်းပိုင်းမှာ အရှေ့ဂျေရုဆလင်က နေရာအချို့မှာ အများစုသော ပါကလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေးရဲတွေ ထပ်မံထိပ်တိုက်တွေ့ကြပါတယ်။ 

ဂျေရုဆလင်မြို့ဟောင်းက ဒမတ်စကပ်ဂိတ် အပြင်ဖက်မှာ ပါလက်စတိုင်းတွေကို ရဲတွေဟာ အသံဗုံးတွေနဲ့ အနံဆိုးတဲ့ ရေတွေနဲ့ ထိုးပက်ဖြိုခွင်းပါတယ်။ အဲဒီ ဧရိယာဝန်းကျင်က အခြားနေရာတွေမှာလည်း ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။ 

ဒမတ်စကပ်ဂိတ်နဲ့ Sheikh Jarrah အရပ်က ထိပ်တိုက်တွေ့မှာမှု ခုနစ်ဦး ဒဏ်ရာရပြီး လေးဦးကို ဆေးရုံတင်ပို့ရတယ်လို့ ပါလက်စတိုင်း ကြက်ခြေနီအသင်းက ပြောပါတယ်။ 

အရှေ့ဂျေရုဆလင်က ဆန္ဒပြအဓိကရုဏ်းတွေကို တုံ့ပြန်တာနဲ့ ပတ်သက်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တနင်္ဂနွေမှာ ခုခံကာကွယ်ပြောဆိုပါတယ်။ 

“ကျွန်တော်တို့ဟာ တရားဥပဒေ စိုးမိုးရေးကို ကိုင်ထားပြီး တုံ့ပြန်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။”လို့ သီတင်းပတ်တာ ကက်ဘိနက်အစည်းအဝေး မတိုင်ခင်မှာ သူက ပြောပြီး ဘာသာယုံကြည်မှု အားလုံးအတွက် လွတ်လပ်စွာ ဝတ်ပြုဆုတောင်းမှုတွေကို စောင့်ကြပ်ပေးသွားမယ်လို့လည်း စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။ 

ဒါပေမဲ့ အစ္စလာမ်တွေရဲ့ တတိယမြောက် အထွဋ်အမြတ်အထားဆုံး Al-Aqsa ဗလီမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုအပါအဝင် အစ္စရေးရဲ့ ရန်လိုမှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly