သုံးလအတွင်း သတင်းစာတိုက် ၈ ခု ပိတ်သိမ်းခံရ

08 May 2021
သုံးလအတွင်း သတင်းစာတိုက် ၈ ခု ပိတ်သိမ်းခံရ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဌာနတွေ တစ်ခုပြီး တစ်ခုပိတ်သိမ်းလာနေပါတယ်။

မဇ္ဈိမ၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် မီဒီယာစတဲ့ လုပ်ငန်းတွေဟာ အာဏာသိမ်းပြီမေလ ၈ ရက်မှာ ထုတ်ဝေခွင့်လိုင်စင် အသိမ်းခံခဲ့ရပါတယ်။ ဒီသတင်းတိုက်ငါးခုက အစောဆုံးအပိတ်ခံရတဲ့ သတင်းဌာနတွေပါ။

ဒီသတင်းဌာနတွေဟာ ရုပ်သံချန်နယ်၊ အွန်လိုင်းနဲ့ သတင်းစာတွေကနေ ပြည်သူတွေဆီကို ပျံ့နှံ့မှုအားကောင်းကောင်းနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရေးသားထုတ်လွှင့်တာတွေ လုပ်ခဲ့တာပါ။

ကိုဗစ်ရိုက်ခက်မှုကြောင့် ယိုင်နဲ့နေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ပိုလိုတောင် ပြိုလဲလာခဲ့ပါတယ်။ မီဒီယာလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ သူတွေဟာလည်း ကိုဗစ်ကာလမှာကတည်းက အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပြီး အခုချိန်မှာ အလုပ်လက်မဲ့ ဦးရေ ပိုတိုးလာနေပါတယ်။ သတင်းသိချင်တဲ့ နယ်ဘက်က ပြည်သူတွေဟာ အင်တာနက်ပြတ်တောက် နေတာကြောင့် ရုပ်သံနဲ့ ရေဒီယိုတွေကို အဓိက အားထားနေရတာပါ။ ဒီလိုအချိန်မှာ ၃ ပေ စလောင်းတွေ တပ်ဆင်ထားတာတွေ့ရင် အရေးယူခံရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်တဲ့အထိဖြစ်လာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required