KIAကို လေယာဉ်ဓာတုဗုံးတွေနဲ့တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

08 May 2021
KIAကို လေယာဉ်ဓာတုဗုံးတွေနဲ့တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

NBung Dat Kasa- Kachin Multimedia ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုကနေပြီး ဧပြီ ၇ရက်က ထုတ်ခဲ့တဲ့သတင်းတစ်ပုဒ်မှာ စစ်ကောင်စီရဲ့လေတပ်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ကမ္ဘာမှာ တားမြစ်ထားတဲ့ ဓာတုဗုံးတွေသုံးပြီး တိုက်ခိုက်နေတယ်ဆိုတာပါရှိပါတယ်။
 
အဲဒီအထဲမှာ စစ်ကောင်စီတပ်ဘက်က ဓာတုဗုံးကြဲတိုက်ခိုက်နေကြောင်း၊ ဓာတုဗုံးစထိမှန်သူတွေရဲ့ အရေအပြားတွေကွာကျလာကြောင်း၊ အဆိုပါဗုံးဟာအရေပြားနဲ့ဓာတ်ပြုတယ်လို့လည်း သိရကြောင်း၊ ဒီလိုဗုံးတွေ အသုံးပြုလာတာ ၃ရက်ခန့်ရှိပြီဖြစ်တဲ့အကြောင်း စတဲ့အကြောင်းအရာတွေထည့်ရေးထားပါတယ်။ 

ဒီသတင်းကို Likeလုပ်သူနဲ့ ပြန်လည်မျှဝေသူ စုစုပေါင်းဟာ ၂သောင်းကျော်ထိရှိခဲ့ပါတယ်။ 

#MizzimaTV​​
#MisinformationBusters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly