အိန္ဒိယပြည်နယ်ကြီးအချို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ပိုမိုမြင့်တက်မလာတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

အိန္ဒိယပြည်နယ်ကြီးအချို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ပိုမိုမြင့်တက်မလာတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဒေလီ၊ ဂူဂျာရက်နှင့် မဟာရက်ရှ်တာ ကဲ့သို့ ပြည်နယ်အချို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုသည် ၁ လအတွင်း စံချိန်တင် မြင့်တက်ခဲ့ရာမှ ယခုအခါ ကျဆင်းလာကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

သို့သော် ဘီဟာ၊ ရာဂျက်စတန်၊ ဆစ်ကင်၊ တမီးလ်နာဒူ၊ ထရီပူရနှင့် အနောက်ဘင်ဂေါ ဒေသများတွင် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီ ၂၉ ရက်အထိ ကူးစက်ခံရသူအရေအတွက် ၁၅၅၈၃ ဦး ရှိခဲ့သည့် ချာဟက်တစ်ဂါပြည်နယ်၌ မေလ ၂ ရက်တွင် နောက်ထပ်ကူးစက်ခံရသူ၁၄၀၈၇ဦး ရှိခဲ့သည်။

ဒေလီ၊ ဒါမန်နှင့် ဒီရူ၊ဂူဂျာရက်၊ ဂျဟာခန်း၊ လာဒက်၊ လက်ရှက်ဝိ၊ မက်ဒြာ ပရာဒေ့ရှ်၊ မဟာရက်ရှထရာ၊ ပန်ဂျပ်၊ တီလန်ဂါနာ၊ ဥတာပရာဒေ့ရှ်နှင့်ဥတာရာခန်တို့တွင် နေ့စဉ်ကူးစက်မှုနှုန်း ကျဆင်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ပူးတွဲဝန်ကြီး လက်ဗ်အာဂါဝယ်က ရောဂါ ပျောက်ကင်းသက်သာမှုလည်း ပိုမိုများပြားလာကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ မေ ၂ ရက်က ရောဂါမှ ပြန်လည်သက်သာကောင်းမွန်သည့် ၇၈ ရာခိုင်နှုန်း ရှိရာမှ မေ ၃ ရက်တွင် ၈၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။

အစိုးရအနေဖြင့် ပုံမှန်လုပ်ဆောင်နေခြင်းအပေါ် တိုးတက်မှု စောစီးစွာ ရရှိခြင်းဖြစ်ကြောင်း လက်ဗ်အာဂါဝယ်က ပြောကြားသည်။

“လက်ရှိအောင်မြင် မှုတွေကို ထိန်းထားဖို့နဲ့ ထပ်မံ ကူးစက်မှုတွေကို လျှော့ချဖို့ ခရိုင်နဲ့ ပြည်နယ်အဆင့်တွေမှာ ဆက်လက်လုပ်ကိုင်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly