ဒေါ်အောင်ဆန်းစုကြည်ရဲ့ အွန်လိုင်းရုံးချိန်းမှာ ရှေ့နေနဲ့ တွေ့ခွင့်မရခဲ့ 

07 May 2021
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အွန်လိုင်းရုံးချိန်းမှာ ရှေ့နေနဲ့ တွေ့ခွင့်မရခဲ့ 

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ရုံးချိန်းကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ မနေ့တုန်းက အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပါတယ်။ ဒီရုံးချိန်းဟာ ကြားနာတဲ့ရုံးချိန်းမဟုတ်ဘဲ အမှုအတွက် ရုံးကို တင်ပြစရာရှိတာတွေ တင်ပြတဲ့ ရုံးချိန်းသာဖြစ်တယ်လို့ ဥပဒေအကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။ ထိန်းသိမ်းခံထားရတဲ့ သြစတေးလျနိုင်ငံသား Sean Turnell အတွက် ရှေ့နေမရှိသေးလို့ ရှေ့နေပါဝါ တင်ခဲ့တယ်လို့လည်း ဦးခင်မောင်ဇော်က ပြောပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly