ရုရှနဲ့ တင်းမာပြီးနောက် ထောက်ခံမှု ပြသရန် ယူကရိန်းဆီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက် 

ရုရှနဲ့ တင်းမာပြီးနောက် ထောက်ခံမှု ပြသရန် ယူကရိန်းဆီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက် 
Photo - AFP

မေ ၇

ရုရှနဲ့ တေ့ဆိုင်နေတဲ့ ယူကရိန်းနိုင်ငံကို ထောက်ခံမှု ပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်ဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ကိဗ်မြို့တော်ဆီ ဆင်းသက်ရောက်ရှိပါတယ်။ 

ဘလင့်ကန်အနေနဲ့ ယူကရိန်းတာဝန်ရှိသူတွေကို အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖို့ တွန်းအားပေးသွားဖို့လည်း ရှိပါတယ်။ 

အမေရိကန်ရဲ့ ထိပ်တန်းသံတမန်အဖြစ် ဘလင့်ကန်ဟာ ယူကရိန်းမြို့တော်ဆီ ညလယ်မတိုင်ခင် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီ ၀၀ မိနစ်မှာ ရောက်ရှိတာဖြစ်ပြီး နောက်တစ်ရက်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 

ရုရှနိုင်ငံဟာ ယူကရိန်းနယ်စပ်မှာ စစ်ရေးလေ့ကျင့်ဖို့အတွက် တပ်အင်အား ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားတာကို မကြာသေးခင်က စတင်ရုပ်သိမ်းအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ယူကရိန်းခရီးစဉ် ထွက်ပေါ်လာခဲ့တာပါ။  

ရုရှရဲ့ နယ်စပ်မှာ တပ်တွေ လာချထားတာကြောင့် ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာတော့မှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှက ကျူးနင်းသိမ်းပိုက်ခဲ့တာနဲ့ လူပေါင်း ၁၃၀၀၀ ကျော်ထက်မနည်း သေဆုံးပြီဖြစ်တဲ့ ဖြစ်ပွားဆဲ ပဋိပက္ခတွေမှာ ရုရှလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ယူကရိန်းကနေ ခွဲထွက်တစ်စင်ထောင်ခဲ့ချိန်  ၂၀၁၄ ကစတင်ပြီး အမေရိကန်ဟာ ယူကရိန်းအတွက် အရေးပါတဲ့ မဟာမိတ်ဖြစ်လာခဲ့ပါတယ်။  

အခုနှစ် ဇန်နဝါရီလက ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီးချိန်ကစလို့ ဘလင့်ကန်ဟာ ယူကရိန်းဆီ လာရောက်တဲ့ ထိပ်တန်းအမေရိကန် တာဝန်ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ 

သူရဲ့ ယူကရိန်းခရီးစဉ်မှာ ဝန်ကြီးချုပ်ဖြစ်သူ Denys Shmygal၊ နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။ 

“အဓိကအားဖြင့် ရုရှရဲ့ ရန်လိုမှုတွေနဲ့ ရင်ဆိုင်နေရချိန် ယူကရိန်းရဲ့ အချုပ်အခြာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ရေးအတွက် မဆုတ်မနစ်သော အမေရိကန်ရဲ့ ထောက်ခံမှုကို နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းအတည်ပြုပေးသွားမှာ ဖြစ်ပါတယ်”ဟု ဥရောပနှင့် ရေးရာ ယာယီလက်ထောက်အတွင်းဝန် ဖိလစ်ရီကာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required